“အိမ်ရှင်နိုင်ငံအသင်းများ ၁၆ သင်းရှုံးထွက်အဆင့်မှ ထွက်ခွာခဲ့ရ”
08 Jul
လက်ရှိ အမေရိကန်၊ ကနေဒါ၊ မက္ကဆီကိုနိုင်ငံတို့က သုံးနိုင်ငံပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အိမ်ရှင်အသင်းများက ၁၆ သင်း ရှုံးထွက်အဆင့်မှပင် ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မက္ကဆီကိုအသင်းက အုပ်စု(A)တွင် တောင်အာဖရိက၊ တောင်ကိုရီးယား၊ ချက်အသင်းတို့နဲ့ တစ်အုပ်စုတည်းကျရောက်ခဲ့ပြီး အုပ်စုသုံးပွဲလုံး အနိုင်ရခဲ့ပြီး ၃၂ သင်းရှုံးထွက်အဆင့်မှာလည်း အီကွေဒေါအသင်းကို အနိုင်ရကာ ၁၆ သင်းရှုံးထွက်အဆင့်တွင် အင်္ဂလန်အသင်းကို သုံးဂိုး၊ နှစ်ဂိုးဖြင့်ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရပါတယ်။ ကနေဒါအသင်းက အုပ်စု(B)တွင် ဆွစ်ဇာလန်၊ ဘော့စနီးယား၊ ကာတာအသင်းတို့နဲ့ တစ်အုပ်စု တည်းကျရောက်ခဲ့ရာ အုပ်စုပွဲစဉ်များအဖြစ် ဘော့စနီးယားအသင်းနှင့် သရေရလဒ်ထွက်ပေါ်ခဲ့ပြီး ကာတာအသင်းကို အနိုင်ရကာ ဆွစ်ဇာလန်အသင်းကို ရှုံးနိမ့်ခဲ့ပြီး ၃၂ သင်းရှုံးထွက်အဆင့်တွင် တောင်အာဖရိကအသင်းကို အနိုင်ရ ခဲ့သော်လည်း ၁၆ သင်းရှုံးထွက်အဆင့်တွင် မော်ရိုကိုအသင်းကို သုံးဂိုး၊ ဂိုးမရှိဖြင့်ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲမှထွက်ခွာခဲ့ရ ပါတယ်။ ထို့အတူ အမေရိကန်အသင်းကလည်း အုပ်စု(D)တွင် ပါရာဂွေး၊ ဩစတြေးလျ၊ တူကီယဲအသင်းတို့နဲ့ တစ်အုပ်စု တည်းကျရောက်ခဲ့ပြီး အုပ်စုပွဲစဉ်များတွင် ပါရာဂွေးအသင်းနှင့် ဩစတြေးလျအသင်းတို့ကို အနိုင်ရခဲ့ကာ တူကီယဲ အသင်းနှင့်ပွဲစဉ်၌ ရှုံးနိမ့်ခဲ့ပြီး ၃၂ သင်းရှုံးထွက်အဆင့်တွင် ဘော့စနီးယားအသင်းကို အနိုင်ရခဲ့သော်လည်း ၁၆ သင်း ရှုံးထွက်အဆင့်၌ ဘယ်လ်ဂျီယံအသင်းကို လေးဂိုး၊ တစ်ဂိုးဖြင့် ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။(NVS 008)