ဟော်မုရေလက်ကြားအနီးတွင် တစ်ရက်အတွင်း ရေနံတင်သင်္ဘောသုံးစင်း တိုက်ခိုက်ခံရ

08 Jul

ဟော်မုရေလက်ကြားကို ဖြတ်သန်းမောင်းနှင်နေသည့် ရေနံတင်သင်္ဘောသုံးစင်းသည် တစ်ရက်တည်းမှာ ပင် သီးခြားစီတိုက်ခိုက်ခံရကြောင်း ဗြိတိန်ရေကြောင်းကုန်သွယ်မှုလုပ်ငန်းက ဇူလိုင်လ ၇ ရက်တွင် ထုတ်ပြန် သည်။ အဆိုပါ တိုက်ခိုက်မှုများအတွင်း လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။ ပထမဆုံး ဖြစ်စဉ်မှာ ဇူလိုင်လ ၆ ရက်ညပိုင်းတွင် အိုမန်နိုင်ငံ လီမာမြို့၏အရှေ့ဘက် ရေမိုင် ၈ မိုင်ခန့်အကွာ၌ တောင်ဘက် သို့ မောင်းနှင်လာသောရေနံတင်သင်္ဘောတစ်စင်း၏ဘယ်ဘက်ကုန်းပတ်ကို မည်သည့်အရာမှန်းမသိရသေးသော ခဲယမ်းတစ်မျိုးထိမှန်ရာ သင်္ဘောပေါ်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားသည်။ ဒုတိယဖြစ်စဉ်တွင်လည်း အခြားရေနံတင်သင်္ဘောတစ်စင်းကို အလားတူ ခဲယမ်းထိမှန်ပြီး သင်္ဘော ကိုယ်ထည်အနည်းငယ်ပျက်စီးသွားသည်ဟု ယူဆရသည်။ နောက်ဆုံးတိုက်ခိုက်မှုတွင်မူ ရေနံတင်သင်္ဘောတစ်စင်း ကို ဒရုန်းဖြင့်တိုက်ခိုက်ခြင်းဖြစ်ပြီး သင်္ဘောကိုယ်ထည် အနည်းငယ်ပျက်စီးခဲ့သော်လည်း ၎င်း၏ဦးတည်ရာ ဆိပ်ကမ်းသို့ ဆက်လက်ထွက်ခွာနိုင်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

08 Jul

ADVERTISE HERE .