အမေရိကန်က အီရန်အပေါ် ခြိမ်းခြောက်မှုများဆောင်ရွက်မည်ဆိုပါက ဆွေးနွေးပွဲများ ထပ်မံကျင်းပမည် မဟုတ်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား
08 Jul
အမေရိကန်က အီရန်အပေါ် ခြိမ်းခြောက်မှုများဆက်လက်ဆောင်ရွက်မည်ဆိုပါက အမေရိကန်နှင့်အီရန် အကြား ဆွေးနွေးပွဲများ ထပ်မံကျင်းပမည်မဟုတ်ကြောင်း အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဆာယိအဗတ် အေရာချီ က ဇူလိုင် ၇ ရက် တွင် ပြောကြားသည်။ နောက်ဆုံးအဆင့်သဘောတူညီချက်မရရှိပါက အီရန်နိုင်ငံရှိ စွမ်းအင် ဆိုင်ရာအခြေခံအဆောက်အအုံနှင့်တံတားများအား ပစ်မှတ်ထားတိုက်ခိုက်မည်ဟု အမေရိကန်သမ္မတ ထရမ့်က လူမှုမီဒီယာ အိက်စ်တွင် သတိပေးပြောကြားခဲ့ပြီးနောက် အီရန်နိုင်ငံခြားရေးဝန်ကြီးက ယခုကဲ့သို့ မှတ်ချက်ပြု ပြောကြားခြင်း ဖြစ်သည်။ မကြာသေးမီက လက်မှတ်ရေးထိုးခဲ့သည့် ငြိမ်းချမ်းရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအရ နှစ်ဖက်ကြား နောက်ဆုံးအဆင့်သဘောတူညီချက်ရရှိရေးအတွက် လက်ဘနွန်နိုင်ငံအပါအဝင် လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွား နေသည့် ဒေသများတွင် တိုက်ခိုက်မှုများ ရပ်တန့်ရမည် ဖြစ်သည်။ အမေရိကန်နှင့်အီရန်တို့သည် ယခုနှစ် ဇွန်လ ၁၈ ရက်က ငြိမ်းချမ်းရေးဆိုင်ရာနားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးခဲ့ပြီး နောက်ဆုံးအဆင့် သဘော တူညီချက်ရရှိရေး ဆောင်ရွက်နေကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။