“ကစားသမား ၃ ဦးက ၇ ဂိုးနဲ့အထက် သွင်းယူနိုင်တဲ့ ပထမဆုံးကမ္ဘာ့ဖလားပြိုင်ပွဲအဖြစ် မှတ်တမ်းဝင်”
07 Jul
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲက ကစားသမား ၃ ဦး သွင်းဂိုး ၇ ဂိုးနဲ့အထက် သွင်းယူနိုင်တဲ့ ပထမဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီ၊ ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေနဲ့ နော်ဝေတိုက်စစ်မှူး ဟာလန်း တို့က ၇ ဂိုးစီ သွင်းယူထားတာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၃၀ ခုနှစ်မှာ စတင်ခဲ့ပြီး ကျင်းပပြီးခဲ့တဲ့ ပြိုင်ပွဲ(၂၂)ကြိမ်မှာ အခုလိုမျိုး ကစားသမား ၃ ဦး အပြိုင်အဆိုင်ဂိုးသွင်းနိုင်တာ မရှိခဲ့ဖူးကြောင်း သိရပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂိုးသွင်းဘုရင်ဆုကို ပူးတွဲရယူနိုင်တာ ရှိခဲ့ဖူးပေမယ့် သွင်းဂိုး ၆ ဂိုး အထက် ပိုမိုသွင်းယူနိုင်ခြင်းမရှိခဲ့တာ ဖြစ်ပါတယ်။ ဂိုးသွင်းဘုရင်ဆုကို နောက်ဆုံးအကြိမ် ပူးတွဲဆွတ်ခူးခဲ့တာက ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာဖြစ်ပြီး သောမတ်စ်မူလာ၊ ဆနိုက်ဒါ၊ ဒေးဗစ်ဗီလာနဲ့ ဖော်လန်တို့ ၅ ဂိုးစီ သွင်းယူခဲ့ကြပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ဂိုးသွင်းဘုရင်ဆုကို ပူးတွဲပေးအပ်မှာမဟုတ်ဘဲ ဂိုးအရေအတွက်ချင်း တူညီနေရင် ဂိုးဖန်တီးမှုပိုလုပ်နိုင်တဲ့ကစားသမားကို ပေးအပ်မှာဖြစ်ကြောင်း သိရပါတယ်။ လက်ရှိအချိန်မှာ အမ်ဘာပေ က ဂိုးဖန်တီးမှုနှစ်ကြိမ် ပြုလုပ်ထားပြီး မက်ဆီနဲ့ ဟာလန်းတို့က မပြုလုပ်နိုင်သေးဘဲ။ သွင်းဂိုးရော ဂိုးဖန်တီးမှုပါ တူညီနေခဲ့ရင်တော့ ပွဲကစားချိန်မိနစ် ပိုနည်းတဲ့ကစားသမားကို ဂိုးသွင်းဘုရင်ဆု ပေးအပ်မှာဖြစ်ကြောင်း သိရပါတယ်။ (NVS 008)