အစာအိမ်ရောဂါ ဝေဒနာရှင်တွေ စားသုံးပေးသင့်တဲ့ အစားအစာတွေ
06 Jul
ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ အစာအိမ်ရောဂါ ဝေဒနာရှင်တွေ စားသုံးပေးသင့်တဲ့ အစားအစာတွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ ကန်စွန်းဥက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတာ၊ ဦးနှောက်လုပ်ဆောင်ချက်ကို ကောင်းမွန်စေတာ ၊ ကိုယ်ခံအားကောင်းစေတဲ့အပြင် အစာအိမ် အစာချေလည်ပတ်မှုစနစ်ကို ကောင်းမွန် စေတဲ့ အတွက် အစာအိမ်ဝေဒနာရှင်တွေ အနေဖြင့် ကန်စွန်းဥကို စားသုံးခြင်းဖြင့် အစာအိမ် ရောဂါကို သက်သာစေနိုင်ပါတယ်။ ချင်းက ပျို့အန်ခြင်း၊ အစာမကြေခြင်းနဲ့ ဗိုက်ပွခြင်းတို့ကို သက်သာစေရန်အတွက် ထိရောက်တဲ့ ကုထုံးတစ်ခု ဖြစ်ပါတယ်။ သင်္ဘောသီးက ပရိုတင်းများကို ချေဖျက်ပေးပြီး အစာချေဖျက်မှုနှေးကွေးစေရန်အတွက် ကူညီပေးတဲ့ သဘာဝအစာခြေအင်ဇိုင်းတစ်မျိုးဖြစ်သည့် papain ပါဝင်တာကြောင့် အစာအိမ်အတွက်ကောင်းပါတယ်။ အမျှင်ဓာတ်ပါဝင်တဲ့ အစားအစာတွေကို စားသုံးပေးခြင်းဖြင့် ဆီးချိုသွေးချိုရောဂါ ၊ အူလမ်းကြောင်းကို ကောင်းမွန်တာနဲ့ အစာချေစနစ်ကောင်းမွန်စေတဲ့အတွက် အစာအိမ်ရောဂါကို သက်သာ ပျောက်ကင်းစေပါတယ်။ ငှက်ပျောသီးမှာ ကာဗိုဟိုက်ဒရိတ်ဓာတ် ပါဝင်တာကြောင့် ဆီးချိုသွေးချိရောဂါကို သက်သာ စေပါတယ်။ ဆီးဝမ်းလည်ပတ်မှု နဲ့ အစားချေစနစ်ကို ကောင်းမွန်စေတဲ့ အတွက် တစ်ရက်ကို ထမင်းစားပြီးချိန်တိုင်း ငှက်ပျောသီးတစ်လုံးစားသုံးပေးခြင်းဖြင့် အစာအိမ်ရောဂါကို သက်သာစေနိုင် ပါတယ်။ အရည်ရွှမ်းတဲ့ အသီးတွေဖြစ်တဲ့ စတော်ဘယ်ရီသီးတွေ၊ ဘယ်ရီသီး ၊ ပန်းသီး ၊ လိမ္မော်သီး၊ ထောပတ်သီးစတဲ့ အသီးတွေမှာ ခန္ဓာကိုယ်အတွင်း ရေဓာတ်ခြောက်သွေ့မှုတွေကို ဖြည့်ဆည်းနိုင်ပြီး အသားရေခြောက်သွေ့ခြင်းကို သက်သာစေပါတယ်။ ဒါ့အပြင် အစာချေစနစ်ကို ကောင်းမွန်စေတဲ့အတွက် အစာအိမ်ဝေဒနာရှင်တွေအနေဖြင့် စားသုံးရန်အသင့်တော်ဆုံး အစားအစာတစ်မျိုုးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အုန်းရည်သောက်သုံးခြင်းဖြင့် အသာအရေကို လှပစေပြီး ရေဓာတ်ဖြည့်သွင်းနိုင်ပါတယ်။ သွေးတိုးကျစေတာနဲ့ အစာချေဖျက်အားကောင်းမွန်စေတဲ့အတွက် အုန်းရည်ကို သောက်သုံးခြင်းဖြင့် အစာအိမ်ရောဂါကို သက်သာစေနိုင်ပါတယ်။ (NVS 003)