“တရုတ်နိုင်ငံအစိုးရက ဗင်နီဇွဲလားနိုင်ငံအား အကူအညီပေးသော ပထမအသုတ် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်း စတင်ပို့ဆောင်”
06 Jul
တရုတ်နိုင်ငံအစိုးရက ဗင်နီဇွဲလားနိုင်ငံအား အကူအညီပေးသော ပထမအသုတ် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ငလျင်ဘေးကယ်ဆယ်ရေး ထောက်ပံ့ရေးပစ္စည်းများကို ဇူလိုင်လ ၅ ရက် ညပိုင်းတွင် တရုတ်နိုင်ငံ၊ ပေကျင်းမြို့ မြို့တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ပို့ဆောင်ခဲ့သည်။ ပထမအသုတ် ထောက်ပံ့ရေးပစ္စည်းများသည် အလေးချိန်အားဖြင့် တန်ချိန် ၈၀ ကျော်ရှိရာ အဓိကအားဖြင့် မီးစက်အလုံး ၂၀၊ ရေသန့်စင်ယာဉ် ၈ စီး၊ ပိုးသတ်စက် အလုံး ၂၀၊ ဆိုလာမီး အစုံ ၂၀၀၊ ရွက်ဖျင်တဲ အလုံးရေ ၁,၇၀၀ ကျော်နှင့် ခြုံစောင်အထည် ၆,၇၀၀ ကျော် စသည်တို့ပါဝင်ကြောင်း၊ အဆိုပါပစ္စည်းများအား အရပ်ဘက်သုံး လေယာဉ်တစ်စင်းဖြင့် လေယာဥ်စင်းလုံးငှားကာ ဗင်နီဇွဲလားနိုင်ငံမြို့တော် ကရာကက်စ်သို့ ပို့ဆောင်ခြင်းဖြစ်ပြီး အခြားကျန်ရှိသော အသုတ်လိုက်ခွဲထားသည့် ထောက်ပံ့ရေးပစ္စည်းများကိုလည်း ဆက်တိုက်ပို့ဆောင်သွားမည် ဖြစ်ကြောင်းသိရသည်။ ဗင်နီဇွဲလားနိုင်ငံသည် ဇွန်လ ၂၄ ရက်တွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် လူသေဆုံးဒဏ်ရာရမှုနှင့် ပစ္စည်းဥစ္စာဆုံးရှုံးနစ်နာမှု အကြီးအကျယ်ဖြစ်ပွားခဲ့သည်။ ငလျင်လှုပ်ခတ်ပြီးနောက် တရုတ်နိုင်ငံအစိုးရသည် ဗင်နီဇွဲလားနိုင်ငံသို့ အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ငလျင်ဘေးကယ်ဆယ်ရေးအတွက် ငွေသား အကူအညီများ ချက်ချင်းပေးအပ်ခဲ့ပြီးဖြစ်သည်။ (Repost from Xinhua)