“တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က ထိုင်ဝမ်ကျွန်းအရှေ့ဘက်တွင် တရားဥပဒေစိုးမိုးရေးကင်းလှည့်မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိ”

06 Jul

တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့(CCG)က တရုတ်နိုင်ငံ၏ ထိုင်ဝမ်ကျွန်းအရှေ့ဘက် ပင်လယ်ပြင်တွင် တရားဥပဒေစိုးမိုးရေး ပုံမှန်ကင်းလှည့်မှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ပြောရေးဆိုခွင့်ရှိသူက ဇူလိုင်လ ၄ ရက်၌ ပြောကြားခဲ့သည်။ CCG ၏ ရှို့ဆန်းရေယာဉ်စုက တရုတ်နိုင်ငံ၏ ထိုင်ဝမ်ကျွန်းအရှေ့ဘက် ပင်လယ်ပြင်တွင် ဥပဒေနှင့်အညီ တရားဥပဒေစိုးမိုးရေးကင်းလှည့်မှုများ ဆက်လက်လုပ်ဆောင်ရန် သိုက်ဆန်း ရေယာဉ်စုထံမှ ဇူလိုင်လ ၄ ရက်၌ တာဝန်လွှဲပြောင်းယူခဲ့ကြောင်း CCG ပြောခွင့်ရပုဂ္ဂိုလ် ကျန်းလွှဲ့ က ပြောကြားခဲ့သည်။ ဇွန်လမှစ၍ သိုက်ဆန်းရေယာဉ်ဦးဆောင်သည့် ရေယာဉ်စုက အဆိုပါသက်ဆိုင်ရာပင်လယ်ပြင်တွင် ကင်းလှည့်ခြင်း၊ စစ်ဆေးခြင်းလုပ်ငန်းများအပြင် ငါးလုပ်ငန်းကာကွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင် ခဲ့ပြီး ပုံမှန်ရေကြောင်းသွားလာမှုနှင့် ငါးဖမ်းလုပ်ငန်းများ လုပ်ဆောင်နိုင်ရေး သေချာစေကာ ထိုင်ဝမ်ဒေသခံများ အပါအဝင် တရုတ်ငါးဖမ်းသမားများ၏ တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားများအပြင် အသက်အိုးအိမ်စည်းစိမ် များကိုလည်း ကာကွယ်စောင့်ရှောက်ပေးခဲ့ကြောင်း ကျန်း က ပြောကြားခဲ့သည်။ CCG အနေဖြင့် တရုတ်နိုင်ငံ၏ တရားစီရင်ပိုင်ခွင့်ရှိ ပင်လယ်ပြင်တွင် တရားဥပဒေစိုးမိုးရေးကင်းလှည့်မှုများကို ဆက်လက်အားကောင်းစေမည်ဖြစ်ကာ နိုင်ငံ၏ ပိုင်နက်နယ်မြေအချုပ်အခြာအာဏာ၊ ပင်လယ်ရေကြောင်း အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ပြတ်ပြတ်သားသား ဆက်လက်ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း အဆိုပါပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ (Repost from Xinhua)

06 Jul

ADVERTISE HERE .