“ဂျာမနီအသင်းနည်းပြရာထူးအတွက် ဆွေးနွေးနေတယ်လို့ အတည်ပြုခဲ့တဲ့ ယာဂန်ကလော့ပ်”
06 Jul
လီဗာပူးလ်နည်းပြဟောင်း ယာဂန်ကလော့ပ် က ဂျာမနီအသင်းနည်းပြ နာဂျယ်စမန်း နေရာအစားထိုးဖို့ ဆွေးနွေးနေတယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ ကလော့ပ် ဟာ နာဂျယ်စမန်း ရာထူးကနေ နုတ်ထွက်သွားပြီးနောက် ဂျာမန်ဘောလုံးအဖွဲ့ချုပ်(DFB)ရဲ့ အဓိကပစ်မှတ် ဖြစ်လာခဲ့ပါတယ်။ ကလော့ပ် အနေနဲ့ လက်ရှိမှာ ဂျာမန်ရုပ်သံအတွက် ကမ္ဘာ့ဖလားရုပ်သံဝေဖန်သူ အဖြစ် ဆောင်ရွက်နေတာဖြစ်ပါတယ်။ ကလော့ပ် ဟာ ၂၀၂၄ ခုနှစ်မှာ လီဗာပူးလ်အသင်းက ထွက်ခွာပြီးနောက် ရက်ဘူးလ်အုပ်စုရဲ့ ကမ္ဘာလုံးဆိုင်ရာဘောလုံးအကြီးအကဲအဖြစ် ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဂျာမနီအသင်းကိုကိုင်တွယ်ဖို့ လက်ရှိရာထူးကနေ ထွက်မလားမေးမြန်းမှုကိုတော့ ကလော့ပ် က ရက်ဘူးလ်နဲ့ ဆွေးနွေးရဦးမယ်လို့သာ တုံ့ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ၎င်းက နာဂျယ်စမန်း ဟာ ထူးချွန်တဲ့ လူငယ်နည်းပြတစ်ဦးဖြစ်ပြီး ဒါကို သူ့အနေနဲ့ သက်သေထပ်ပြလိမ့်မယ်လို့လည်း သုံးသပ်ခဲ့ပါတယ်။ (NVS 008)
06 Jul