“အင်တာနောက်ခံလူ ဒမ်ဖရိုင်းစ် ကို ခေါ်ယူခဲ့တဲ့ ရီးရဲလ်အသင်း”
06 Jul
ရီးရဲလ်အသင်းဟာ အင်တာမီလန်အသင်းက ဒတ်ချ်လက်ရွေးစင်နောက်ခံလူ ဒမ်ဖရိုင်းစ် ကို လေးနှစ်စာချုပ်နဲ့ ခေါ်ယူခဲ့ပါတယ်။ ပြောင်းရွှေ့ကြေးပမာဏကိုတော့ နှစ်သင်းစလုံးက သတင်းမထုတ်ပြန်ခဲ့ပေမယ့် ဒမ်ဖရိုင်းစ် ရဲ့ စာချုပ်ပါ လျော်ကြေးအတိုင်း ယူရို သန်း ၂၀ ပေးချေရမယ်လို့ သိရပါတယ်။ ရီးရဲလ်အသင်းအနေနဲ့ ဒမ်ဖရိုင်းစ် ဟာ အခုနွေရာသီ စတုတ္ထမြောက်ခေါ်ယူမှုဖြစ်ပြီး ကူကူရယ်လာ၊ ဘာနာဒိုဆေးလ်ဗားနဲ့ ကိုနာတေ တို့ကိုလည်း ခေါ်ယူထားခဲ့ပါတယ်။ ဒမ်ဖရိုင်းစ် ဟာ ၂၀၂၁ ခုနှစ်မှာ PSV ကနေ အင်တာအသင်းကို ရောက်လာပြီး စီးရီးအေချန်ပီယံ နှစ်ကြိမ်နဲ့ ကိုပါ အီတာလီယာ သုံးကြိမ်ရအောင် ကူညီပေးခဲ့ပါတယ်။ ဒမ်ဖရိုင်းစ် ဟာ အင်တာအသင်းနှင့်အတူ ၂၀၇ ပွဲ ကစားခဲ့ပြီး ၂၇ ဂိုးသွင်းယူပေးခဲ့ကာ ၂၈ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ (NVS 008)
06 Jul