“ ပါရာဂွေးအသင်းရဲ့ ကြမ်းကြမ်းတမ်းတမ်းကစားပုံကို ပြစ်တင်ဝေဖန်ခဲ့တဲ့ အမ်ဘာပေ”
06 Jul
ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေ က ပြိုင်ဘက် ပါရာဂွေးအသင်းရဲ့ ကြမ်းကြမ်းတမ်းတမ်းကစားပုံကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ အမ်ဘာပေ အနေနဲ့ ပါရာဂွေးအသင်း ကစားတာဟာ စီမံကိန်း စနစ်တကျရေးဆွဲပြီး မနှစ်မြို့ဖွယ်လုပ်ဆောင်မှု လို့ စွပ်စွဲခဲ့ပါတယ်။ ဒါ့အပြင် ၎င်းက ပြိုင်ဘက်အသင်းရဲ့ ကြမ်းကြမ်းတမ်းတမ်းကစားမှုများအတွက် ဘယ်လိုတုံ့ပြန် ကစားရမလဲဆိုတာကိုလည်း သိရှိထားပြီးဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ အမ်ဘာပေ ဟာ ပွဲအပြီးမှာ ပါရာဂွေး ဂိုးသမား အော်လန်ဒိုဂေးလ် လက်ဆွဲနှုတ်ဆက်တာကို ငြင်းဆန်ပြီး အောင်ပွဲခံခဲ့ပါတယ်။ အမ်ဘာပေ ဟာ အခုကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခုနစ်ဂိုး သွင်းထားပြီး မက်ဆီ နဲ့အတူ ပူးတွဲအများဆုံး ဖြစ်နေ ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာလည်း ၁၉ ပွဲကစား ၁၉ ဂိုးသွင်းကာ မက်ဆီ နောက် တစ်ဂိုးအကွာမှာ ရှိနေပါတယ်။ (NVS 008)
06 Jul