“ကမ္ဘာ့ဖလားပြိုင်ပွဲက ထွက်လိုက်ရပြီးနောက် လက်ရွေးစင်ကစားသမားဘဝက အနားယူခဲ့တဲ့ နေမာ”
06 Jul
ဘရာဇီးလ်အသင်းရဲ့ ဂိုးအများဆုံးမှတ်တမ်းရှင် နေမာ ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းအဆင့်က ထွက်လိုက် ရပြီးနောက် လက်ရွေးစင်ကစားသမားဘဝကနေ အနားယူခဲ့ပြီဖြစ်ပါတယ်။ နေမာ ဟာ ဘရာဇီးလ်အသင်း ရှုံးပွဲအပြီး ကွင်းထဲမှာပဲ မျက်ရည်တွေနဲ့ ငိုကြွေးခဲ့ကာ အသင်းဖော်တွေက သူ့အားနှစ်သိမ့်ခဲ့ရပါတယ်။ နေမာ အနေနဲ့ အခုပွဲ ၆၇ မိနစ်မှာ လူစားဝင်ကစားပြီး အချိန်ပိုမှာ အသင်းအတွက် နှစ်သိမ့်ဂိုးကို ပယ်နယ်တီကနေတစ်ဆင့် သွင်းယူပေးခဲ့ပါတယ်။ အဆိုပါဂိုးက နေမာ အတွက် လက်ရွေးစင်သွင်းဂိုး ၈၀ ပြည့်မြောက်တဲ့ဂိုးလည်း ဖြစ်ခဲ့ပါတယ်။ နေမာ ဟာ ၂၀၁၀ ပြည့်နှစ်က MetLife Stadium မှာကစားတဲ့ အမေရိကန်အသင်းနဲ့ ခြေစမ်းပွဲမှာ လက်ရွေးစင် ပွဲဦးထွက်ခဲ့ပါတယ်။ နေမာ အနေနဲ့ နိုင်ငံအသင်းအတွက် ပွဲပေါင်း ၁၃၀ အထိကစားခဲ့ပြီး ပွဲအများဆုံးစာရင်းမှာ ကာဖူး ပြီးနောက် ဒုတိယအများဆုံးအဖြစ်လည်း ရပ်တည်နိုင်ခဲ့ပါတယ်။ (NVS 008)
06 Jul