“ဖီနာဘာချီအသင်းသို့ ပြောင်းရွှေ့ခဲ့တဲ့ မန်စီးတီးနောက်ခံလူ နာသန်အကီ”

05 Jul

မန်စီးတီးအသင်းရဲ့ နောက်ခံကစားသမား နာသန်အကီ က ဖီနာဘာချီအသင်းထံသို့ ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။ ဖီနာဘာချီအသင်းက နာသန်အကီ ကိုခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။ အသက် ၃၁ နှစ်အရွယ် နာသန်အကီ ရဲ့ပြောင်းရွှေ့ကြေးက ပေါင်ခုနစ်သန်းနဲ့ အပိုဆုကြေး ပေါင် ၁ ဒသမ ၅ သန်းရှိနိုင်ကြောင်း သတင်းများက ဖော်ပြခဲ့ပါတယ်။ နာသန်အကီ ဟာ ၂၀၂၀ ပြည့်နှစ်မှာ ဘုန်းမောက်အသင်းကနေ ပေါင် ၄၁ သန်းနဲ့ မန်စီးတီးအသင်းထံသို့ ရောက်ရှိလာခဲ့ပြီး နည်းပြဟောင်း ဂွါဒီယိုလာ လက်ထက်မှာ အဓိကကစားသမားတစ်ယောက်အဖြစ် ရပ်တည်နိုင် ခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီမှာ ပုံမှန်နေရာရဖို့ ရုန်းကန်ခဲ့ရပါတယ်။(NVS 008)

05 Jul

ADVERTISE HERE .