“နည်းပြ ပိုစတီကိုဂလူး ကို အယ်လ်နာဆာအသင်းက နည်းပြအဖြစ်ခန့်အပ်ခံ”

05 Jul

ပရီးမီးယားလိဂ်နည်းပြဟောင်းဖြစ်သူ ပိုစတီကိုဂလူး ကို ဆော်ဒီကလပ် အယ်လ်နာဆာအသင်းက အသင်းနည်းပြ အဖြစ် ခန့်အပ်ခံခဲ့ကြောင်း သိရပါတယ်။ အသက် ၆၀ နှစ်အရွယ် ပိုစတီကိုဂလူး က အယ်လ်နာဆာအသင်းနဲ့ နှစ်နှစ်သက်တမ်းရှိ စာချုပ်အား ချုပ်ဆိုခဲ့ပါတယ်။ အယ်လ်နာဆာအသင်းဟာ ပြီးခဲ့တဲ့ရာသီက ဆော်ဒီပရိုလိဂ်ချန်ပီယံ ဖြစ်ခဲ့သော်လည်း နည်းပြဖြစ်သူ ဂျော့ချ်ဂျေးဇူး က အသင်းနဲ့ လမ်းခွဲသွားခဲ့ပါတယ်။ နည်းပြသစ်ဖြစ်လာသူ ပိုစတီကိုဂလူး အနေနဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက နော်တင်ဟမ်ဖောရက်စ် အသင်းကနေ ထုတ်ပယ်ခံရပြီးနောက် အသင်းလက်မဲ့ဖြစ်နေခဲ့ပါတယ်။ နည်းပြ ပိုစတီကိုဂလူး ဟာ ဆဲလ်တစ် အသင်းမှာ အောင်မြင်မှုရခဲ့ပြီး စပါးအသင်းကိုလည်း ၂၀၂၅ ခုနှစ်က ယူရိုပါလိဂ်ဖလား ရရှိနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။(NVS 008)

05 Jul

ADVERTISE HERE .