“ချယ်လ်ဆီးအသင်းကစားသမား အန်ဇိုဖာနန်ဒက် အား ခေါ်ယူရန်အစီအစဉ်မရှိကြောင်း ရီးရဲလ်မက်ဒရစ်အသင်း အတည်ပြု”
05 Jul
ရီးရဲလ်မက်ဒရစ်အသင်းက လက်ရှိကစားသမား အပြောင်းအရွှေ့ကာလတွင် ချယ်လ်ဆီးအသင်း ကွင်းလယ် ကစားသမား အန်ဇိုဖာနန်ဒက် အား ခေါ်ယူရန်အစီအစဉ်မရှိကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။ အစောပိုင်းက ရီးရဲလ်မက်ဒရစ်အသင်းက အန်ဇိုဖာနန်ဒက် အားခေါ်ယူရန် သတင်းများထွက်ပေါ်ခဲ့ပြီး ချယ်လ်ဆီးအသင်းကလည်း အန်ဇိုဖာနန်ဒက် အတွက် ပြောင်းရွှေ့ကြေးကို မြင့်မားသည့် ပြောင်းရွှေ့ကြေးတစ်ရပ်ဖြစ်သည့် စတာလင်ပေါင်သန်း ၁၂၀ အထိ သတ်မှတ်ထားခဲ့ပါတယ်။ လက်ရှိကစားသမား အပြောင်းအရွှေ့ကာလတွင် ရီးရဲလ်မက်ဒရစ်အသင်းက အပြောင်းအလဲကြီးကြီး မားမားလုပ်ဆောင်နေပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ရက်ပိုင်းအလိုတွင် ချယ်လ်ဆီးအသင်းမှ တောင်ပံခံစစ် ကစားသမား ကူကူရယ်လာ အား ပြောင်းရွှေ့ကြေးစတာလင်ပေါင် သန်း ၆ဝ ဖြင့်ခေါ်ယူခဲ့ပြီးနောက် အန်ဇိုဖာနန်ဒက် ကိုလည်း ထပ်မံခေါ်ယူရန် ကြိုးပမ်းနေကြောင်း သတင်းများထွက်ပေါ်ခဲ့ခြင်းဖြစ်ပါတယ်။ သို့သော် လက်ရှိတွင် ရီးရဲလ်မက်ဒရစ်အသင်းက အန်ဇိုဖာနန်ဒက် အားခေါ်ယူရန် အစီအစဉ်မရှိဟု အတည်ပြု ကြေညာခဲ့ကြောင်းသိရပါတယ်။(NVS 008)