“ယူကရိန်းကို စစ်ရေးအရ ဆက်လက် ဖိအားပေးမည်ဖြစ်ကြောင်း ရုရှားပြောကြား”

04 Jul

ယူကရိန်းနိုင်ငံကို စစ်ရေးအရ ဆက်လက်ဖိအားပေးသွားမည်ဖြစ်ကြောင်း ရုရှားအစိုးရက ဇူလိုင်လ ၂ ရက် သတင်းများတွင် ရေးသားတင်ပြခဲ့သည်ဟု RT သတင်းဌာနက ဖော်ပြထားသည်။ ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့ကို ဇူလိုင်လ ၁ ရက် ညပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုများ ပြင်းထန်စွာပြုလုပ်ခဲ့ပြီးနောက် ယူကရိန်းကို စစ်ရေးအရ ဆက်လက်ဖိအားပေးမည်ဖြစ်ကြောင်း ရုရှားအစိုးရက သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။ ရုရှား၏ တိုက်ခိုက်မှုကြောင့် ကိယက်ဗ်မြို့၌ လူဦးရေ ၃၀ သေဆုံး၍ လူနေအဆောက်အအုံ အများအပြား ပျက်စီးခဲ့ကြောင်း ယူကရိန်း တာဝန်ရှိသူများက ပြောကြားထားသည်။ သို့ရာတွင် ရုရှားတပ်များအနေဖြင့် စစ်ရေးပစ်မှတ်များ၊ စစ်ရေးနှင့်ဆက်နွှယ်နေသော ပစ်မှတ်များကို ရွေးချယ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ဗ် က ပြောကြား ထားသည်။ ယူကရိန်းနိုင်ငံက ရုရှားစွမ်းအင် အခြေခံအဆောက်အအုံများကို မောင်းသူမဲ့ဒရုန်းယာဉ်များဖြင့် တိုက်ခိုက် နေမှုများကို တုံ့ပြန်သည့်အနေဖြင့် ရုရှားတပ်များက ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့ကို ပြင်းထန်စွာတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

04 Jul

ADVERTISE HERE .