“ကျောက်ဖြူနှင့် ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းများ အချိန်ဇယားအတိုင်း တိုးတက်မှုရှိအောင် ဆောင်ရွက်ရန်တိုက်တွန်း”

04 Jul

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးညိုစော က ဇူလိုင် ၃ ရက်တွင် ကျင်းပ ခဲ့သည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ ညှိနှိုင်းအစည်းအဝေး၌ အမှာစကားပြောကြားစဉ် ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းနှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းများကို အချိန်ဇယားအတိုင်း အဆင့်လိုက်တိုးတက်မှုရှိအောင် အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့ ပါတယ်။ ဒုတိယသမ္မတက လက်ရှိအကောင်အထည်ဖော်နေသည့် အထူးစီးပွားရေးဇုန်များသည် ပြည်သူများ အလုပ်အကိုင် ရရှိစေရန်၊ ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားပြီး ပြည်ပပို့ကုန်တိုးတက်စေရန်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များ တိုးတက်လာစေရန်နှင့် နိုင်ငံခြားဝင်ငွေ တိုးတက်ရရှိစေရန်အတွက် အရေးကြီးကြောင်း၊ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ ပြည်တွင်းရှိ MSME လုပ်ငန်းများနှင့် သီလဝါအထူးစီးပွားရေးဇုန်ရှိ လုပ်ငန်းများချိတ်ဆက်ပြီး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အဆိုပါညှိနှိုင်းအစည်းအဝေးသို့ မြန်မာအထူးစီပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ အတွင်းရေးမှူး(၁) ဘဏ္ဍာရေး နှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်၊ အတွင်းရေးမှူး(၂) စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ နှင့် ဗဟိုအဖွဲ့ဝင်များ၊ သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေး ဇုန်တို့မှ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြောင်း သိရပါတယ်။(NVS 008)

04 Jul

ADVERTISE HERE .