“ချဲလ်ဆီးအသင်းမှ ထွက်ခွာနိုင်မည့်အခွင့်အလမ်းများကို ရှာဖွေနေတဲ့ အန်ဇိုဖာနန်ဒက်ဇ်”
04 Jul
ချဲလ်ဆီးအသင်းရဲ့ အာဂျင်တီးနားကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်ဟာ လန်ဒန်ကလပ်အသင်းကနေ ထွက်ခွာ နိုင်ဖို့အတွက် အခွင့်အလမ်းတွေကို ရှာဖွေနေတယ်လို့ ၎င်းရဲ့ အေးဂျင့်ဖြစ်သူက ပြောခဲ့ပါတယ်။ ချဲလ်ဆီးအသင်းက အန်ဇို အတွက်ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၁၂၀ ဝန်းကျင် သတ်မှတ်ထားပြီး အန်ဇို ကိုယ်တိုင်ကလည်း အသင်းကနေထွက်ခွာဖို့အတွက် ဆန္ဒရှိနေတာဖြစ်ပါတယ်။ အန်ဇို အနေနဲ့ လက်ရှိမှာ အာဂျင်တီးနား အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေပါတယ်။ အသက် ၂၅ နှစ်အရွယ် အန်ဇို ကို ရီးရဲလ်အသင်းကခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ် နေသော်လည်း ကစားသမားရဲ့အေးဂျင့်ဖြစ်သူ ပက်စ်တိုရီ က လက်ရှိအချိန်အထိ မည်သည့်ကလပ်အသင်းမှ အန်ဇို ကို ကမ်းလှမ်းထားတာမရှိသေးကြောင်း အတည်ပြုခဲ့ပါတယ်။ အန်ဇို က လက်ရှိအချိန်မှာ အာဂျင်တီးနားအသင်းအကြောင်းပဲ ခေါင်းထဲထည့်ထားပြီး ကျွန်တော်တို့ ကတော့ ချဲလ်ဆီးအသင်းကနေ အန်ဇိုထွက်ခွာလို့ရမဲ့ အခွင့်အလမ်းတွေကိုရှာဖွေနေပါတယ်လို့ အေးဂျင့်ဖြစ်သူ ပက်စ်တိုရီ က ပြောခဲ့ပါတယ်။(NVS 008)