“AFC Women's Champion League ပြိုင်ပွဲခြေစစ်ပွဲမှာ နောက်တစ်ဆင့်တက်နိုင်ဖို့ အခြေအနေကောင်းနေတဲ့ ဧရာဝတီအမျိုးသမီးအသင်း”

03 Jul

ဧရာဝတီအမျိုးသမီးအသင်းဟာ AFC Women's Champion League 2026-2027 ပြိုင်ပွဲ ခြေစစ်ပွဲမှာ တရုတ်တိုင်ပေကလပ် နယူးတိုင်ပေစီးတီး၊ စင်ကာပူကလပ် ဂျူရောင်း၊ လက်ဘနွန်ကလပ် နိုးလစ်မစ်အသင်းတို့နဲ့ အတူ အုပ်စု(F)အတွင်း ကျရောက်နေပြီ နောက်တစ်ဆင့်တက်ရန် အခြေအနေကောင်းနေကြောင်း သိရပါတယ်။ ဧရာဝတီအမျိုးသမီးအသင်းက ခြေစစ်ပွဲတွေကို လာမယ့်သြဂုတ်လ ၁၇ ရက်ကနေ ၂၃ ရက်အထိ အိမ်ရှင် အဖြစ် လက်ခံကစားရမှာဖြစ်ပါတယ်။ AFC Women's Champion League 2026-2027 ပြိုင်ပွဲ နောက်ဆုံးအဆင့်ကို မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်၊ သြစတြေးလျ၊ ဗီယက်နမ် ကလပ်အသင်း ၆ သင်းက တိုက်ရိုက်ကစားခွင့်ရရှိထားပြီး ဖြစ်ပါတယ်။ ဧရာဝတီအမျိုးသမီးအသင်းအနေနဲ့ ပြီးခဲ့တဲ့ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့လို့ ဒီရာသီ AFC Women's Champion League ပြိုင်ပွဲ ခြေစစ်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။(NVS 008)

03 Jul

ADVERTISE HERE .