“ဟက်နေ ကို ခေါ်ယူခဲ့တဲ့ အဲဗာတန်အသင်း”

03 Jul

အဲဗာတန်အသင်းဟာ မစ်ဒယ်ဘရော့အသင်းက ကွင်းလယ်လူ ဟေဒန်ဟက်နေး ကို ပြောင်းရွှေ့ကြေး ပေါင် ၁၆ သန်းနဲ့ ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟက်နေး ဟာ မစ်ဒယ်ဘရော့အသင်းမှာ စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်တော့တာဖြစ်ပါတယ်။ ဟက်နေ အနေနဲ့ မစ်ဒယ်ဘရော့အသင်း ပြီးခဲ့တဲ့မှာ ရာသီပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ဆုံးရှုံးခဲ့ပြီးနောက် အသင်းကထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဟက်နေး ဟာ ၂၀၂၅-၂၆ လိဂ်ချန်ပီယံရှစ်မှာ တစ်နှစ်တာအကောင်းဆုံးကစားသမားဆု ဆွတ်ခူးနိုင်ခဲ့ပြီး မစ်ဒယ်ဘရော့အသင်းအတွက် ၁၅၄ ပွဲကစားပြီး ၁၆ ဂိုး သွင်းယူထားခဲ့ပါတယ်။(NVS 008)

03 Jul

ADVERTISE HERE .