“ကမ္ဘာ့ဖလားပြိုင်ပွဲက အခုမှစတင်တယ်လို့ ပြောခဲ့တဲ့ ယာမယ်”

03 Jul

စပိန်အသင်းရဲ့ တိုက်စစ်ကစားသမား ယာမယ် က ကမ္ဘာ့ဖလားပြိုင်ပွဲ အခုမှစတင်တယ်လို့ သြစတြီးယား အသင်းနဲ့ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလား ၃၂ သင်းအဆင့်မှာ စပိန်အသင်းက သြစတြီးယားအသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ယာမယ် က ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆု ရရှိခဲ့ပါတယ်။ အဆိုပါပွဲမှာ ယာမယ် ဟာ ကိုယ်တိုင် ဂိုးသွင်းနိုင်ခဲ့သလို ဖန်တီးမှု ၂ ကြိမ် ဖန်တီးပေးနိုင်ခဲ့တာကြောင့် အကောင်းဆုံးကစားသမားဆု ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ စပိန်အသင်းဟာ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုရရှိခဲ့ပြီးနောက်ပိုင်း ကမ္ဘာ့ဖလားရှုံးထွက်အဆင့်မှာ ပထမဆုံးအနိုင်ရရှိခဲ့ခြင်းဖြစ်ပါတယ်။ စပိန်အသင်းက ၂၀၁၄ ကမ္ဘာ့ဖလားမှာ အုပ်စုအဆင့်ကို မကျော်နိုင်ခဲ့သလို၊ ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ၁၆ သင်းအဆင့်နဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။(NVS 008)

03 Jul

ADVERTISE HERE .