“ဝက်စ်ဟမ်းကွင်းလယ်လူ ဖာနန်ဒက်စ် ကို ပေါင် ၈၅ သန်း ခေါ်ယူခဲ့တဲ့ စပါးအသင်း”

03 Jul

စပါးအသင်းဟာ ဝက်စ်ဟမ်းအသင်းကစားသမား မားတီးယပ်စ်ဖာနန်ဒက်စ် ကို ကလပ်စံချိန်တင်ကြေး ပေါင် ၈၅ သန်းနဲ့ ခေါ်ယူပြီးဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။ စပါးအသင်းဟာ ဖာနန်ဒက်စ် ရဲ့ စာချုပ်သက်တမ်းပမာဏကိုတော့ ထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။ ဖာနန်ဒက်စ် ရဲ့ ပြောင်းရွှေ့ကြေးဟာ ၂၀၂၄ ခုနှစ်က ဆိုလန်ကီ ကိုခေါ်ယူခဲ့ချိန်က ပေါင် ၆၅ သန်းကို ကျော်ဖြတ်ခဲ့ပေမယ့် အပိုဆုကြေးမပါဝင်ဘူးလို့ သိရပါတယ်။ အခုနွေရာသီအပြောင်းအရွှေ့မှာ စပါးအသင်းက ပြုပြင်ပြောင်းလဲမှုများစွာ လုပ်ဆောင်နေပြီး ကစားသမားသစ် ၅ ဦးအထိ ခေါ်ယူထားခဲ့ပါတယ်။ ဖာနန်ဒက်စ် မတိုင်ခင် ဒူဘရေကာ၊ ဗန်ဟက်ကယ်၊ ဆယ်နယ်ဆီ နဲ့ ရောဘတ်ဆန် တို့ကို ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။(NVS 008)

03 Jul

ADVERTISE HERE .