“မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဆောင်းရာသီစိုက်ပျိုးစရိတ် ငွေကျပ် ၁,၀၃၇ သိန်း ထုတ်ချေးပေးရန် လျာထား”
03 Jul
ကချင်ပြည်နယ်မြစ်ကြီးနား ခရိုင်ဘဏ်ခွဲက စိုက်ပျိုးစရိတ်ချေးငွေများကို ဇူလိုင်လ ၁ ရက်မှ စတင်၍ ထုတ်ချေးပေးလျက်ရှိကြောင်း မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရပါတယ်။ ချေးငွေ စတင်ထုတ်ချေးပေးသည့် ပထမနေ့တွင် မြစ်ကြီးနားမြို့နယ် ပမ္မတီးရပ်ကွက်နှင့် ရှဒေါင်ကျေးရွာတို့မှ တောင်သူများ၏ စိုက်ဧက ၃၀ အတွက် တစ်ဧကလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် ငွေကျပ် သိန်း ၃၀ ထုတ်ချေးပေးခဲ့ ပါတယ်။ ယခုနှစ်ဆောင်းရာသီတွင် လယ်သီးထပ်အဖြစ် ဆီထွက်သီးနှံ ဆီမုန်ညင်း၊ ပြောင်း စိုက်ပျိုးကြမည့် အကျဲ၊ ပမ္မတီး၊ ရှဒေါင်၊ တပ်ကုန်းရပ်ကွက်/ကျေးရွာတို့မှ တောင်သူ ၂၉ ဦး၏ စိုက်ဧက ၂၀၂ ဧကနှင့် ဝိုင်းမော်မြို့နယ် ခတ်ချို၊ နောင်ဟီးကျေးရွာတို့မှ တောင်သူ ၁၁၃ ဦး၏ စိုက်ဧက ၈၃၅ ဧကအတွက် ငွေကျပ် ၁,၀၃၇ သိန်းတို့ကို ဆက်လက် ထုတ်ချေးပေးသွားရန် လျာထားလျက်ရှိကြောင်း သိရပါတယ်။ (NVS-004)
03 Jul