“တရုတ်နိုင်ငံ HEILONGJIANG ကုန်သည်ကြီးများအသင်းက ငှက်ပျောလျှော်နှင့် မြက်မှထုတ်လုပ်သည့် လက်မှုပစ္စည်းများအား ဝယ်ယူ”
03 Jul
Green Banana Myanmar ၏ စွန့်ဦးတီထွင်လုပ်ငန်းဖြစ်သည့် ငှက်ပျောလျှော်နှင့်မြက်မှ ထုတ်လုပ်သည့် အရည်အသွေးမြင့်လက်မှုပစ္စည်းများကို တရုတ်နိုင်ငံ HEILONGJIANG ကုန်သည်ကြီးများ အသင်းက ဝယ်ယူရန်အတွက် ဇွန်လ ၃၀ ရက်က သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။ Green Banana Myanmar အနေနဲ့ ငှက်ပျောလျှော်နှင့်မြက်မှ ခေါင်းအုံး၊ ဦးထုပ်၊ ပဝါ၊ အိတ်၊ ဖိနပ်၊ ဖျာ ဒီဇိုင်းမျိုးစုံနှင့် အခြားလူသုံးကုန်ပစ္စည်းများကို ထုတ်လုပ်လျက်ရှိပြီး အဆိုပါလက်မှုပစ္စည်းများကို HEILONGJIANG ကုန်သည်ကြီးများအသင်းက တရုတ်နိုင်ငံ ပြည်နယ်လေးခုရှိ အခြားကုမ္ပဏီများ၊ အဖွဲ့အစည်းများထံ ရောင်းချသွားမှာ ဖြစ်ပြီး လာမည့်ဩဂုတ်လမှာ စတင်တင်ပို့ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ (NVS-004)
03 Jul