“အန်ဒါဆန်ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ကြောင်း ကြေညာခဲ့တဲ့ မန်စီးတီးအသင်း”
03 Jul
မန်စီးတီးအသင်းဟာ နော်တင်ဟမ်ဖောရက်စ်အသင်းက အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူ အဲလိယတ် အန်ဒါဆန် ကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။ မန်စီးတီးအသင်းအနေနဲ့ အန်ဒါဆန် ကို အင်္ဂလန်အသင်း အခြေစိုက်ရာ ကန်ဆက်စီးတီးမှာပဲ ဆေးစစ်ခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းက အန်ဒါဆန် အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၁၆ သန်းလောက် ကုန်ကျမယ်လို့ သိရပါတယ်။ ဒါဟာ ဗြိတိန်ကစားသမားတွေထဲမှာ စံချိန်တင်ဖြစ်ပြီး ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးလည်း ဖြစ်ခဲ့တယ်။ ယခင်က ဗြိတိန်ကစားသမားတွေထဲမှာ ဘယ်လင်ဂမ် က ဒေါ့မွန်ကနေ ရီးရဲလ်အသင်းကို ပြောင်းရွှေ့ချိန် ပေါင် ၁၁၅ ဒသမ ၁၅ သန်း၊ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးအဖြစ် ဒက်ကလန်ရိုက် က ဝက်စ်ဟမ်းအသင်းကနေ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ချိန် ပေါင် ၁၀၅ သန်းနဲ့ စံချိန်တင်ထားခဲ့ပါတယ်။ ဒါ့အပြင် အန်ဒါဆန် ဟာ မန်စီးတီးအသင်းကစားသမား ဂရီးလစ်ရှ် ရဲ့ ကလပ်စံချိန်တင်ထားမှုကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ (NVS 008)