“နယူးကာဆယ်ကွင်းလယ်လူ တိုနာလီ ကို ကလပ်စံချိန်တင်ကြေးနဲ့ ခေါ်ယူမယ့် စပါးအသင်း”
03 Jul
စပါးအသင်းဟာ နယူးကာဆယ်အသင်းက အီတလီလက်ရွေးစင်ကွင်းလယ်လူ တိုနာလီ ကို ကလပ်စံချိန်တင် ကြေးပေါင် သန်း ၁၀၀ နဲ့ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပြီလို့ သိရပါတယ်။ အစောပိုင်းက နယူးကာဆယ်အသင်းဟာ စပါးအသင်းရဲ့ ပေါင် သန်း ၈၀ နဲ့ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပါတယ်။ ယခုအခါမှာတော့ ကနဦးပြောင်းရွှေ့ကြေး ပေါင် ၉၂ ဒသမ ၅ သန်း၊ အပိုဆုကြေး ပေါင် ၇ ဒသမ ၅ သန်းနဲ့ သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။ စပါးအသင်းအနေနဲ့ ဒီတစ်ပတ်အတွင်းမှာပဲ ကလပ်ပြောင်းရွှေ့ကြေးကို ဒုတိယအကြိမ်မြောက် စံချိန်တင်မှုလည်း ဖြစ်လာခဲ့ပါတယ်။ စပါးအသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဝက်စ်ဟမ်းအသင်း ကွင်းလယ်လူ မာတီးယပ်စ်ဖာနန်ဒက်စ် ကို ပေါင် ၈၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားခဲ့ပါတယ်။ (NVS 008)
03 Jul