“နည်းပြ ပယ်ရေရာ ကို ထုတ်ပယ်ပြီး ဂလက်စနာ နဲ့ အစားထိုးတော့မယ့် နော်တင်ဟမ်အသင်း”
03 Jul
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ နည်းပြ ဗစ်တာပယ်ရေရာ ကို ရာထူးကနေထုတ်ပယ်ပြီး ဂလက်စနာ နဲ့ အစားထိုးသွားမယ်လို့ သိရပါတယ်။ ပယ်ရေရာ ရဲ့စာချုပ်မှာ ဇွန်လကုန်တွင် စာချုပ်ဖျက်သိမ်းခွင့်ရှိတဲ့အချက်ကို နော်တင်ဟမ်အသင်းက အသုံးချမှာဖြစ်ပါတယ်။ နော်တင်ဟမ်အသင်းနဲ့ ဂလက်စနာ တို့အကြား ပုဂ္ဂိုလ်ရေးသဘောတူညီမှုရထားပြီး အပြီးသတ်စာချုပ်ချုပ်ဆိုဖို့ပဲ ကျန်ရှိတော့တာ ဖြစ်ပါတယ်။ ဂလက်စနာ ဟာ နော်တင်ဟမ်အသင်းနဲ့ သုံးနှစ်စာချုပ် ချုပ်ဆိုမယ်လို့ သိရပါတယ်။ နော်တင်ဟမ်အသင်း အနေနဲ့ ၁၂ လသာမရှိသေးတဲ့အချိန်မှာ နည်းပြ ငါးဦးအထိ ပြောင်းလဲတော့မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက နူနိုဆန်တို၊ ပိုစတီကိုဂလူး၊ ရှောင်ဒိုက်ကို ရာထူးက ထုတ်ပယ်ပြီး ပယ်ရေရာကို ဖေဖော်ဝါရီလကမှ ၂၀၂၇ ခုနှစ် ဇွန်လအထိ ခန့်အပ်ထားခဲ့ပါတယ်။ (NVS 008)
03 Jul