“အီတလီလူငယ်နောက်ခံလူ ပါလက်စထရာ ကို ခေါ်ယူခဲ့တဲ့ ချဲလ်ဆီးအသင်း”

03 Jul

ချဲလ်ဆီးအသင်းဟာ အတ္တလန်တာလူငယ်နောက်ခံလူ ပါလက်စထရာ ကို ခြောက်နှစ်သက်တမ်းရှိစာချုပ် ချုပ်ဆိုခဲ့ပြီး တစ်နှစ်သက်တမ်းတိုးခွင့်ပါ ထည့်သွင်းပါရှိပါတယ်။ ပါလက်စထရာ ရဲ့ပြောင်းရွှေ့ကြေးက အပိုဆုကြေး အပါအဝင် ယူရို ၅၅ သန်းဝန်းကျင်ရှိမယ်လို့ သိရပါတယ်။ ပါလက်စထရာ ဟာ နည်းပြသစ် ရှာဘီအလွန်ဆို လက်ထက် ပထမဆုံးခေါ်ယူတဲ့ ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။ ပါလက်စထရာ ဟာ ပြီးခဲ့တဲ့ရာသီက ကာဂလီယာရီအသင်းမှာ အငှားသွားကစားခဲ့ပြီး စီးရီးအေ အကောင်းဆုံးနောက်ခံလူဆုကို ဆွတ်ခူးခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ပါလက်စထရာ ကို ခေါ်ယူပြီးနောက် နောက်ခံ အတွင်းလူတစ်ဦး ထပ်မံခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ ပဲလေ့စ်နောက်ခံလူ လာခရော့ နဲ့ ဗယ်လက်ကာနို နောက်ခံကစားသမား ချာဗယ်ရီယာ တို့က ချဲလ်ဆီးအသင်းနဲ့ သတင်းထွက်နေပါတယ်။ (NVS 008)

03 Jul

ADVERTISE HERE .