“မော်ရိုကိုအသင်း လက်ရွေးစင်တိုက်စစ်မှူး ဆာအီဘာရီ ကို ခေါ်ယူခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်း”
03 Jul
ဘိုင်ယန်မြူးနစ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းပြနေတဲ့ မော်ရိုကိုလက်ရွေးစင်တိုက်စစ်မှူး ဆာအီဘာရီ ကို ခေါ်ယူခဲ့ပါတယ်။ အသက် ၂၅ နှစ်သာရှိသေးတဲ့ ဆာအီဘာရီ ဟာ ဘိုင်ယန်အသင်းကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၅၀ ဝန်းကျင်၊ အပိုဆုကြေး ယူရိုနှစ်သန်းခန့်နဲ့ ငါးနှစ်စာချုပ်ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။ ဆာအီဘာရီက ဘိုင်ယန်အသင်းကို ပြောင်းရွှေ့ဖို့အတွက် နည်းပြ ကွန်ပနီ က အဓိကအခန်းကဏ္ဍမှာ ပါဝင်ခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ဆာအီဘာရီ ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုသုံးပွဲစလုံးမှာ မော်ရိုကိုအသင်းအတွက် ဂိုးသွင်းယူပေးထားပါတယ်။ နယ်သာလန်အသင်းကို အနိုင်ရခဲ့တဲ့ ၃၂ သင်းအဆင့်မှာလည်း အဆုံးအဖြတ် ပယ်နယ်တီကို ကန်သွင်းကာ ၁၆ သင်းအဆင့်ကိုပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ (NVS 008)
03 Jul