“အင်းလေးကန် ရေရှည်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် လှပစိမ်းလန်းရေးအတွက် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၁,၀၀၀ နဲ့ ဆောင်ရွက်မည်”

03 Jul

ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း အင်းလေးကန် ရေရှည်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် သာယာလှပ စိမ်းလန်းစိုပြည်ရေးအတွက် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၁,၀၀၀ နဲ့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရပါတယ်။ အင်းလေးကန်ဟာ ပြည်တွင်းပြည်ပခရီးသွားများ လာရောက်လည်ပတ်လေ့ရှိတဲ့ အထင်ကရခရီးသွားဒေသ တစ်ခုဖြစ်တာကြောင့် အင်းလေးကန်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနဲ့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မှာဖြစ်တဲ့အတွက် ထိန်းသိမ်းရေးလုပ်ငန်းများကို စီမံကိန်းများအလိုက် နှစ်စဉ်ပြုလုပ်လျက် ရှိကြောင်း သိရပါတယ်။ လက်ရှိမှာ အင်းလေးကန်ထိန်းသိမ်းရေးကို စီမံကိန်းများအလိုက် ရေစူးစမ်းလေ့လာတိုင်းတာခြင်း လုပ်ငန်း များ၊ နုန်းတမံများပြုပြင် အသစ်တည်ဆောက်ခြင်း လုပ်ငန်းများ၊ အဓိကရေလမ်းကြောင်းတစ်လျှောက်မှာ နယ်နိမိတ် မှတ်တိုင်များ ပြုလုပ်ခြင်းလုပ်ငန်း၊ အင်းလေးကန်အတွင်းရှိ ရေမှော်ဗေဒါများ ရှင်းလင်းခြင်းလုပ်ငန်းများ၊ ကျွန်းမျော ဒိုက်များ ရှင်းလင်းခြင်းလုပ်ငန်းများနှင့် အထောက်အကူပြုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ သတ်မှတ် ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းများပြီးစီးနိုင်ရေးအတွက် အရှိန်မြှင့်တင်ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

03 Jul

ADVERTISE HERE .