“MAEX က ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ရှယ်ယာတစ်စုလျှင် အမြတ်ဝေစုကျပ် ၂၀၀ ခွဲဝေပေးမည်”
03 Jul
မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်(MAEX)က ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ် အတွက် သာမန်အစုရှယ်ယာတစ်စုကို ကျပ် ၂၀၀ နှုန်းနဲ့ အမြတ်ဝေစုခွဲဝေပေးရန် ဆုံးဖြတ်ခဲ့ကြောင်း ဇူလိုင်လ ၁ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဆိုပါဆုံးဖြတ်ချက်ကို ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်အထိ ဘဏ္ဍာရေးအခြေအနေများအပေါ် အခြေခံကာ ဇွန်လ ၂၉ ရက်မှာကျင်းပတဲ့ ဒါရိုက်တာအဖွဲ့အစည်းအဝေးမှာ အတည်ပြုခဲ့ခြင်းဖြစ်ပါတယ်။ အမြတ်ဝေစု အဆိုပြုချက်ကို ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၆ ရက်မှာ အွန်လိုင်းနဲ့ကျင်းပမည့် ဒသမအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေး(AGM)မှာ အစုရှယ်ယာရှင်များထံ တင်ပြအတည်ပြုသွားမှာဖြစ်ပါတယ်။ အမြတ်ဝေစု ခံစားခွင့်ရှိမည့် အစုရှယ်ယာရှင်များကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၀ ရက်အထိ အရောင်းအဝယ်ပြုလုပ်ထားတဲ့ အစုရှယ်ယာများအပေါ် အခြေခံ၍ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၃ ရက် (YSX Record Date) တွင် မှတ်တမ်းတင်ထားသော အစုရှယ်ယာရှင်စာရင်းအရ သတ်မှတ်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။ အမြတ်ဝေစု စတင်ခွဲ ဝေပေးမည့်ရက်ကို နှစ်ပတ်လည်အထွေထွေအစည်းအဝေးကျင်းပပြီးနောက် ထပ်မံကြေညာသွားမယ်လို့ သိရပါတယ်။ (NVS 008)