“ရန်ကုန်မြို့ရှိ အဆောက်အအုံများ ငလျင်နှင့်သဘာဝဘေးအန္တရာယ် အကဲဖြတ်ခြင်းစီမံကိန်းစတင်”

03 Jul

ရန်ကုန်မြို့ရှိအဆောက်အအုံများ ငလျင်နှင့်သဘာဝဘေးအန္တရာယ် အကဲဖြတ်ခြင်းစီမံကိန်း (Pilot Survey Project) ကိုဇူလိုင်လ ၁ ရက်မှစတင်လိုက်ပြီလို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ(YCDC)မှ သိရပါတယ်။ အဆိုပါ Pilot Survey Project မိတ်ဆက်ခြင်းအခမ်းအနားကို ဇူလိုင်လ ၁ ရက်က ရန်ကုန်မြို့၌ ကျင်းပ ခဲ့ခြင်းဖြစ်ပါတယ်။ အခု Project မှ စစ်ဆေးတွေ့ရှိချက်များအပေါ် မူတည်၍ လိုအပ်တဲ့ပြုပြင်ထိန်းသိမ်းရေးနှင့် ဘေးအန္တရာယ်လျော့ပါးရေးအစီအစဉ်များကို အဆင့်လိုက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ငလျင်က ကြိုတင်ခန့်မှန်းရန်ခက်ခဲတဲ့ သဘာဝဘေးအန္တရာယ်ဖြစ်ပေမယ့် ကြိုတင်ပြင်ဆင်မှုနှင့် စနစ်တကျ စစ်ဆေးအကဲဖြတ်မှုများနဲ့ ထိခိုက်ဆုံးရှုံးမှုများကို လျှော့ချနိုင်တာကြောင့် ရန်ကုန်မြို့ရှိ အဆောက်အအုံ များကို ငလျင်နှင့်သဘာဝဘေးအန္တရာယ် ခံနိုင်ရည်ရှိမှုအပေါ် စနစ်တကျစစ်ဆေးအကဲဖြတ်ပြီး အန္တရာယ်ရှိနိုင်မှု အဆင့်အလိုက် ခွဲခြားသတ်မှတ်သွားမှာဖြစ်တယ်လို့ ရန်ကုန်မြို့တော်ဝန်က ပြောကြားခဲ့ပါတယ်။ (NVS 008)

03 Jul

ADVERTISE HERE .