“KBZ Foundationက မြန်မာတစ်နိုင်ငံလုံးပထမရရှိတဲ့ကျောင်းသူ မနီနီကျော် ကို ငွေကျပ်သိန်း ၁,၀၀၀ ပံ့ပိုးကူညီ”
03 Jul
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ဝိပ္ပံဘာသာတွဲနဲ့ မြန်မာတစ်နိုင်ငံလုံး ပထမရရှိခဲ့သော ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်နေ မနီနီကျော် ရဲ့ပညာရေးခရီးဆက်လက်လျှောက်လှမ်းနိုင်ရန်နှင့် အနာဂတ်ရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်ရန်အတွက် KBZ Foundation က ငွေကျပ်သိန်း ၁,၀၀၀ ပံ့ပိုး ကူညီခဲ့ကြောင်း သိရပါတယ်။ အခက်အခဲများကြားမှ ပညာကိုကြိုးစားသင်ယူခဲ့တဲ့ မနီနီကျော်၏ ပညာရေးနှင့် ဘဝခရီးလမ်းတစ်လျှောက် ယခုထက်ပိုမိုသော အောင်မြင်မှုများဆက်လက်ရရှိပြီး နိုင်ငံနှင့်လူမှုအသိုက်အဝန်းအတွက် အကျိုးပြုနိုင်သူ တစ်ဦး ဖြစ်လာပါစေ ဟုလည်း KBZ Foundation က ဆုမွန်တောင်းခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် မနီနီကျော် က စိန်ခေါ်မှု များကြားမှ မဆုတ်မနစ်ကြိုးစားကာ ထူးချွန်စွာအောင်မြင်မှုရရှိခဲ့သူတစ်ဦးဖြစ်၍ ၎င်း၏ကြိုးစားအားထုတ်မှုနှင့် ဇွဲလုံ့လတို့က ကျောင်းသား/သူလူငယ်များအတွက် အားကျအတုယူဖွယ် စံနမူနာတစ်ရပ်ဖြစ်ကြောင်း အသိအမှတ်ပြု ဖော်ပြခဲ့ပါတယ်။ (NVS 008)