“ဥရုဂွေးနည်းပြ ဘီယဲလ်ဆာနဲ့ အီကွေဒေါနည်းပြ ဘက်ကာဆေဆေတို့လည်း လက်ရွေးစင်အသင်းများနှင့်လမ်းခွဲ”

02 Jul

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နည်းပြလမ်းခွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး ဥရုဂွေးနည်းပြ ဘီယဲလ်ဆာ နဲ့ အီကွေဒေါနည်းပြ ဘက်ကာဆေဆေ တို့လည်း လမ်းခွဲခဲ့ကြကြောင်း သိရပါတယ်။ ပြိုင်ပွဲကာလအတွင်းမှာ ရာထူးကနေ ထုတ်ပယ်ခံရတဲ့ နည်းပြတစ်ဦးလည်းရှိခဲ့ပြီး တူနီးရှားနည်းပြ လာမိုချီ က အုပ်စုအဖွင့်ပွဲစဉ်ယှဉ်ပြိုင်အပြီးမှာပဲ ထုတ်ပယ်ခံခဲ့ရပါတယ်။ တောင်ကိုရီးယားနည်းပြ ဟောင်မြန်ဘို၊ စကော့တလန် နည်းပြ စတိဗ်ကလက်ခ်၊ ချက်နည်းပြ ကူဘက်၊ နယ်သာလန်နည်းပြ ရော်နယ်လ်ကိုမန်းနဲ့ ဘီယဲလ်ဆာ၊ ဘက်ကာဆေဆေ တို့ကတော့ ရာထူးက နုတ်ထွက်ခဲ့ကြတာဖြစ်ပါတယ်။ နည်းပြအများစုက ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး အထိသာ စာချုပ်ချုပ်ဆိုထားကြတာကြောင့် ပြိုင်ပွဲကနေထွက်ခဲ့ရချိန်မှာ ရာထူးကနေနုတ်ထွက်ပြီး လမ်းခွဲခဲ့ကြခြင်း ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

02 Jul

ADVERTISE HERE .