“နည်းပြ လမ်းပတ်ကို ၂၀၂၉ ခုနှစ်အထိ သက်တမ်းတိုးလိုက်တဲ့ ကိုဗင်ထရီအသင်း”
02 Jul
ပရီးမီးယားလိဂ်တန်းတက်ကလပ် ကိုဗင်ထရီအသင်းက နည်းပြ လမ်းပတ် ကို ၂၀၂၉ ခုနှစ်အထိ သက်တမ်း တိုးစာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။ လမ်းပတ် က ကိုဗင်ထရီအသင်းကို ၂၀၂၄ နိုဝင်ဘာလမှာ စတင်ကိုင်တွယ်ခဲ့ပြီး ပထမဆုံးရာသီမှာ ပရီးမီးယားလိဂ် တန်းတက်ခွင့်အတွက် Play-offs ယှဉ်ပြိုင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၂၅-၂၆ ရာသီမှာတော့ လိဂ်ချန်ပီယံရှစ်မှာ ချန်ပီယံဆုရယူပြီး ပရီးမီးယားလိဂ်တန်းတက်ခွင့် ရရှိစေခဲ့ပါတယ်။ ဒါကြောင့် ဖူလ်ဟမ်အသင်းအပါအဝင် ပရီးမီးယားလိဂ်အသင်းတချို့က လမ်းပတ်ကို နည်းပြအဖြစ်ခန့်အပ်ဖို့ စိတ်ဝင်စားခဲ့ကြပေမယ့် လမ်းပတ် က ကိုဗင်ထရီအသင်းမှာပဲ ဆက်နေဖို့ဆုံးဖြတ်ပြီး စာချုပ်သက်တမ်းတိုးခဲ့တာ ဖြစ်ပါတယ်။ လမ်းပတ်နဲ့ ကိုဗင်ထရီအသင်းတို့ဟာ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်မှာ လက်ရှိချန်ပီယံ အာဆင်နယ် အသင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ (NVS 008)