“ရန်းစ်အသင်းက ပြင်သစ်နောက်ခံလူ ဂျက်ကေး ကို ပေါင်သန်း ၆၀ နဲ့ ခေါ်ယူခဲ့တဲ့ လီဗာပူးလ်အသင်း”
02 Jul
လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလကတည်းက သဘောတူညီမှုရရှိထားခဲ့တဲ့ ရန်းစ်နောက်ခံလူ ဂျရေမီ ဂျက်ကေး ကို ပေါင်သန်း ၆၀ နဲ့ ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ ဂျက်ကေး ဟာ လာမယ့် ဇူလိုင်လ ၁၃ ရက်မှာ အသက် ၂၁ နှစ်ပြည့်မည့် လူငယ်ကစားသမားဖြစ်ပြီး ပြင်သစ်လက်ရွေးစင်အဖြစ် ရွေးချယ်ခံရခြင်း မရှိသေးတာဖြစ်ပါတယ်။ ဂျက်ကေး ဟာ ရန်းစ်အသင်းမှာလည်း ပွဲအနည်းငယ်သာ ကစားရသေးပေမယ့် အလားအလာရှိတဲ့ ကစားသမားတစ်ဦးအဖြစ် အကဲဖြတ်ခံထားရတာကြောင့် လီဗာပူးလ်အသင်းနဲ့အပြိုင် ချဲလ်ဆီးအသင်းကလည်း ကြိုးပမ်းခဲ့ပေမယ့် ဂျက်ကေး က လီဗာပူးလ်အသင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဂျက်ကေး က ဝါရင့်နယ်သာလန်နောက်ခံလူ ဗန်ဒိုက် ဆီက သင်ယူသွားချင်တာကြောင့် လီဗာပူးလ်အသင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ လီဗာပူးလ်အသင်းက ဂျက်ကေးအတွက် ကနဦးပြောင်းရွှေ့ကြေး ပေါင် ၅၅ သန်းနဲ့ အပိုဆုကြေး ပေါင် ၅ သန်းပေးချေရမှာဖြစ်ပြီး ၅ နှစ်စာချုပ် ချုပ်ဆိုမှာဖြစ်တဲ့အပြင် တစ်နှစ် သက်တမ်းတိုးခွင့်ပါ ပါဝင်ပါတယ်။ (NVS 008)