“ဟယ်ရီကိန်း ရဲ့ သွင်းဂိုးတွေနဲ့ နောက်တစ်ဆင့်တက်နိုင်ခဲ့တဲ့ အင်္ဂလန်အသင်း”
02 Jul
၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ၃၂ သင်းအဆင့် ရှုံးထွက်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ အင်္ဂလန်အသင်းနှင့် ကွန်ဂိုအသင်း တို့ပွဲစဉ်မှာ အင်္ဂလန်အသင်းက ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ကွန်ဂိုအသင်းက ပွဲချိန် ၆ မိနစ်ကတည်းမှ ဦးဆောင်ဂိုးရယူကာ အင်္ဂလန်အသင်းကို ဦးဆောင်နိုင်ခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ ကွန်ဂိုအသင်းကို ဖိအားပေးကစားထားနိုင်ခဲ့ပေမယ့် ကွန်ဂိုအသင်း ဂိုးသမား လက်စွမ်းပြသမှုတွေကြောင့် ချေပဂိုးပြန်လည်ရရှိရန် ခက်ခဲနေခဲ့ပါတယ်။ ကွန်ဂိုအသင်းက ဒုတိယပိုင်းပွဲချိန် မိနစ် ၇၀ ကျော်အထိ ဦးဆောင်ထားနိုင်ခဲ့ပေမယ့် အင်္ဂလန်အသင်းအတွက် ချေပဂိုးနှင့် ဦးဆောင်ဂိုးတွေကို ဟယ်ရီကိန်း က ပွဲချိန် ၇၈ မိနစ် နှင့် ပွဲချိန် ၈၆ မိနစ်မှာ သွင်းယူပေးနိုင်ခဲ့တယ်။ ဒါကြောင့် ပွဲပြီးဆုံးချိန်မှာ အင်္ဂလန်အသင်းက ၂ ဂိုး ၁ ဂိုးနဲ့ ကွန်ဂိုအသင်းကို အနိုင်ရရှိကာ ၁၆ သင်းရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ (NVS 008)