“ဇမ္ဗူသီရိမြို့နယ်၊ သုခတော်ဝင်အိမ်ရာအပိုင်း (၂) ရှိတိုက်ခန်းများကို Digital Spin မဲစနစ်နဲ့မဲနှိုက်နေရာချ ထားပေး”

02 Jul

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ ပျဉ်းမနား-တောင်ညိုလမ်း အနောက်ဘက်ရှိ သုခတော်ဝင် အိမ်ရာအပိုင်း(၂)မှ ၄ ခန်းတွဲ ၄ ထပ်(အိပ်ခန်း ၂ ခန်းပါ)တိုက်ခန်းများကို ဝယ်ယူရန်လျှောက်ထားသူများကို ဇူလိုင် ၁ ရက်မှာ Digital Spin မဲစနစ်နဲ့ မဲနှိုက်နေရာချထားပေးခဲ့ကြောင်း သိရပါတယ်။ တိုက်ခန်းဝယ်ယူရန်လျှောက်ထားသူများကို Digital Spin မဲစနစ်ဖြင့် မြေညီထပ်၊ ပထမထပ်၊ ဒုတိယထပ်၊ တတိယထပ်တိုက်ခန်းများကို အစဉ်လိုက် မဲနှိုက်နေရာချထားပေးခဲ့ကာ ဇူလိုင်လ ၂ ရက်မှာ ၄ ခန်းတွဲ ၄ ထပ် (အိပ်ခန်း ၃ ခန်းပါ)တိုက်ခန်းများကို Digital Spin မဲစနစ်ဖြင့် ဆက်လက်နေရာချထားပေးမည်ဖြစ်ကြောင်း သိရပါတယ်။ နေပြည်တော်ရှိ အိမ်ရာများကို မြို့နေပြည်သူလူထုအတွက် အိမ်ရာလိုအပ်ချက်များရရှိရေး၊ မြို့နေပြည်သူ လူထုများ၏ လူနေမှုဘဝ အရည်အသွေး၊ အဆင့်အတန်းမြင့်မားရေးနှင့် နေပြည်တော်ကို Green City , Clean City , Smart City အဖြစ်ဖော်ဆောင်ရာမှာ စနစ်တကျဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖော်ထုတ်ဆောင်ရွက်ပေးလျက် ရှိပါတယ်။ နေပြည်တော်‌ကောင်စီနယ်မြေကို ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ မြို့တော်ဖြစ်စေရန် အိမ်ရာများဖော်ထုတ်ရာမှာ အဆောက်အဦ များအပြင် အခြေခံအဆောက်အအုံများဖြစ်သည့် လမ်း၊ ရေ၊ မီးနှင့် စိမ်းလန်းသောဧရိယာများကိုလည်း စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ (NVS 008)

02 Jul

ADVERTISE HERE .