“အလုပ်သမားဝန်ကြီးဌာနနှင့် IOM ရွှေ့ပြောင်းလုပ်သားရေးရာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေး”
02 Jul
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး က အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာ ရေးအဖွဲ့ (International Organization for Migration-IOM) ရုံးအကြီးအကဲ Mr. Daihei Mochizuki ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဇွန်လ ၃၀ ရက် မွန်းလွဲပိုင်းက အလုပ်သမားဝန်ကြီးဌာန ယာယီရုံးဧည့်ခန်းမမှာ လက်ခံ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံစဉ်အလုပ်သမားဝန်ကြီးဌာနနှင့် IOM တို့အကြား ရွှေ့ပြောင်းလုပ်သားရေးရာကဏ္ဍမှာ ပူးပေါင်း ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်များ၊ IOM ဝန်ထမ်းများ၏ ပြည်ဝင်ဗီဇာရရှိရေးနှင့် ပြည်တွင်းခရီးသွားလာခွင့်ဆိုင်ရာ ကိစ္စရပ်များ၊ ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီရေးဗဟိုဌာန (Migrant Workers Resource Center-MRC) များ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ဝန်ကြီးဌာနမှ ဆက်လက်ပူးပေါင်းဆောင်ရွက်စေလိုတဲ့ လုပ်ငန်းစဉ် များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါတယ်။ အဆိုပါတွေ့ဆုံပွဲသို့ အလုပ်သမားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ IOM ရုံးမှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြကြောင်း သိရပါတယ်။ (NVS 008)