“ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှာ မိုးရွာသွန်းမှု ပိုလာနိုင်”
02 Jul
ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၄ ခုမှာ ဇူလိုင်လ ၁ ရက်မှ ၁၀ ရက်အတွင်း မိုးရွာသွန်းမှုမှာ ရွာသွန်းမြဲထက်ပိုနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင်လ ၁ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။ နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်သည်ဟု အသိပေးခဲ့ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ ကချင်နှင့်ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့မှာမူ ရွာသွန်းမြဲခန့် မိုးထစ်ချုန်း ရွာသွန်းနိုင်တယ်လို့ သိရပါတယ်။ ဇူလိုင်လပထမ ၁၀ ရက်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် လေဖိအားနည်း ရပ်ဝန်း ၁ ကြိမ်ဖြစ်ပေါ်နိုင်ကာ ပိုမိုအားကောင်းလာပြီးနောက် မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်ကြောင်း ထုတ်ပြန်ထား ရှိပါတယ်။ (NVS 008)