“လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်မှ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင် ထူးချွန်ကျောင်းသူ ၂ ဦးကိုဂုဏ်ပြုချီးမြှင့်”

02 Jul

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်မှာနေထိုင်ပြီး ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ထူးချွန်စွာအောင်မြင်ခဲ့ကြတဲ့ မအေးချမ်းပြည့် နှင့် မနီနီကျော် တို့ကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ဇွန်လ ၃၀ ရက် မှာ တွေ့ဆုံ၍ ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။ ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ တာဝန်ရှိသူများ၊ အလှူရှင်များကလည်း အဆိုပါကျောင်းသူ ၂ ဦးကို ဂုဏ်ပြုချီးမြှင့်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ(ဝိပ္ပံဘာသာတွဲ)နဲ့ ပထမရရှိခဲ့တဲ့ မနီနီကျော် က အ.ထ.က (၁၄) လှိုင်သာယာမှ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုဝင်ရောက်ဖြေဆိုပြီး ထူးချွန်စွာ အောင်မြင်ခဲ့သူဖြစ်ပြီး မအေးချမ်းပြည့် ကလည်း ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(၄)လှိုင်သာယာမှ ဝင်ရောက်ဖြေဆိုပြီး (၆)ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

02 Jul

ADVERTISE HERE .