“တိုင်ကြားစာများထဲမှ အများပြည်သူနှင့်သက်ဆိုင်သည်များကို ဦးစားပေးဖြေရှင်းပေးမည်ဟုဆို”

02 Jul

မွန်ပြည်နယ်အတွင်းမှ တိုင်ကြားစာများထဲမှ အများပြည်သူနှင့်သက်ဆိုင်သည်များကို ဦးစားပေးဖြေရှင်းရန် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဇွန်လ ၃၀ ရက်မှာပြုလုပ်သော တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၄/၂၀၂၆)တွင် မှာကြားခဲ့ခြင်းဖြစ်ပါတယ်။ အခုလိုဦးစားပေးဖြေရှင်းပြီး နှစ်ဦးနှစ်ဖက်အဆင်ပြေစေရေးအတွက် ညှိနှိုင်းကူညီဆောင်ရွက်ပေးရန်၊ နောင်လာမည့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးမှာ အဆို/မေးခွန်းများ တင်သွင်း မေးမြန်းနိုင်ရေး ကြိုတင်ပြင်ဆင်ထားကြရန် မှာကြားပါတယ်။ အဲဒီနောက် လွှတ်တော်ကော်မတီ ၆ ခု၏ လုပ်ငန်းဆောင်ရွက်မှုများ၊ မွန်ပြည်နယ်လွှတ်တော်သို့ တိုင်ကြား လာသော တိုင်ကြားစာအမှုတွဲများနှင့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် တင်သွင်း/မေးမြန်းခဲ့သော အဆို/မေးခွန်းများကို ဆွေးနွေးခဲ့ကြပါတယ်။ (NVS 008)

02 Jul

ADVERTISE HERE .