“မြစ်ကြီးနားမြို့ ရေကြီးရေလျှံမှုမှ ကာကွယ်ရေးအတွက် ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်နေ”
02 Jul
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကို ရေကြီးရေလျှံမှုမှ ကာကွယ်ရေးအတွက် ပြည်နယ်အစိုးရက ဘဏ္ဍာနှစ် အလိုက် ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်နေပါတယ်။ အခုလိုဆောင်ရွက်နေရခြင်းက မြစ်ကြီးနားမြို့၌ ၂၀၂၄ ခုနှစ်မှာ စံချိန်တင်မြစ်ရေကြီးမြင့်မှုကြောင့် မြို့ဧရိယာ ၄၀ ရာခိုင်နှုန်းခန့် ရေကြီးနစ်မြှုပ်မှု ဖြစ်ပေါ်ခဲ့ခြင်းကြောင့်လည်း ဖြစ်ပါတယ်။ဒါကြောင့် လက်ရှိ ဧရာဝတီမြစ်နှင့် ထိစပ်လျက်ရှိသည့် ရေမိုင် ၁၈ မိုင်အတွင်း ရေလျှံတားနံရံများ၊ ကမ်းထိန်း တမံများ၊ ရေထိန်းတံခါး တည်ဆောက်ခြင်းများကို ပြုလုပ်နေပါတယ်။ အခုလိုဆောင်ရွက်နေမှုများကို ကချင်ပြည်နယ်ဝန်ကြီးချုပ်က ကြည့်ရှူစစ်ဆေးခဲ့ပြီး လုပ်ငန်းများ သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ပြီးစီးရေးနှင့် ပြည်သူများ ရေကြီးရေလျှံမှုဒဏ်ကို ခံစားရမှုမရှိစေရေး အလေးအနက်ထားဆောင်ရွက်ကြရေးနှင့် လိုအပ်သည်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ပေါင်းစပ် ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။ (NVS 008)