“အီကွေဒေါအသင်းခေါင်းဆောင်တာဝန်ကို ကိုင်စီဒို အား လွှဲပြောင်းပေးအပ်ခဲ့တဲ့ ဗလင်စီယာ”
01 Jul
အီကွေဒေါလက်ရွေးစင်အသင်းခေါင်းဆောင် အန်နာဗလင်စီယာ က အသင်းခေါင်းဆောင်တာဝန်ကို ကွင်းလယ်ကစားသမား ကိုင်စီဒို ထံသို့ လွှဲပြောင်းပေးအပ်လိုက်ကြောင်း သိရပါတယ်။ အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ ဗလင်စီယာ က အီကွေဒေါလက်ရွေးစင်အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ၄၉ ဂိုးနဲ့ ရပ်တည်နေသူ ဖြစ်ပါတယ်။ ဗလင်စီယာ က ၂၀၂၆ ကမ္ဘာ့ဖလား အုပ်စုပွဲစဉ်တွေအထိ အီကွေဒေါအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပေမယ့် လာမယ့်ရှုံံးထွက်အဆင့်ကစပြီး ကိုင်စီဒို အား တာဝန်ယူဖို့ တရားဝင်လွှဲပြောင်းပေးလိုက်ခြင်းဖြစ်ပါတယ်။ ကိုင်စီဒို က အသက် ၂၄ နှစ်သာရှိသေးပေမယ့် လက်ရွေးစင်အသင်းမှာ ဦးဆောင်ကစားသမားတစ်ဦးအဖြစ် ရပ်တည်နေတာကြောင့် အခုလိုလွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ကိုင်စီဒို ဟာ အနာဂတ်မှာ ချဲလ်ဆီး အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံရဖို့လည်း နီးစပ်နေတာကြောင့် ကလပ်အသင်းမှာရော လက်ရွေးစင်အသင်းမှာပါ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူရဖွယ်ရှိနေကြောင်း သိရပါတယ်။(NVS 008)