“ရှုံးထွက်အဆင့်မှာ ပင်နယ်တီအဆုံးအဖြတ်နဲ့ ဒုတိယမြောက် အိမ်ပြန်ခဲ့ရတဲ့ နယ်သာလန်အသင်း”

01 Jul

၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ၃၂ သင်း ရှုံးထွက်အဆင့်မှာ နယ်သာလန်အသင်းက မော်ရိုကိုအသင်းကို ပင်တီနယ်အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ကာ အိမ်ပြန်ခဲ့ရပါတယ်။ နယ်သာလန်အသင်းဟာ ၃၂ သင်း ရှုံးထွက်အဆင့်မှာ ပင်နယ်တီအဆုံးအဖြတ်နဲ့ ဒုတိယမြောက် အိမ်ပြန်ခဲ့ရတဲ့အသင်း ဖြစ်ခဲ့ပါတယ်။ အဆိုပါပွဲစဉ် ပထမပိုင်းမှာ ဂိုးမရှိသရေရလဒ်ဖြစ်ပေါ်ခဲ့ပြီး ဒုတိယပိုင်းပွဲချိန် မိနစ် ၇၀ ကျော်တဲ့အထိ သရေရလဒ် ဖြစ်ပေါ်နေခဲ့ပါတယ်။ မိနစ် ၇၂ မိနစ်မှာတော့ နယ်သာလန်အသင်းအတွက် ဂတ်ပို က ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ကာ ပွဲချိန်မိနစ် ၈၀ ကျော်အထိ မော်ရိုကိုအသင်းကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ မော်ရိုကိုအသင်း အတွက် ချေပဂိုးကို နာကျင်အချိန်ပိုမှာ ဒီအော့ က ပြန်လည်သွင်းယူခဲ့တာကြောင့် တစ်ဖက်တစ်ဂိုးစီနဲ့ သရေရလဒ် ဖြစ်ပေါ်နေခဲ့ပါတယ်။ ဒါကြောင့် အချိန်ပို ၁၅ မိနစ်စီထပ်မံကန်ခဲ့ရာတွင် သရေရလဒ်သာ ဖြစ်ပေါ်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရာ နယ်သာလန်အသင်းက မော်ရိုကိုအသင်းကို ၂ ဂိုး ၃ ဂိုး နဲ့ ရှုံးနိမ်ခဲ့ပြီး အိမ်ပြန်ခဲ့ရပါတယ်။ ဂျာမနီနဲ့ ပါရာဂွေးအသင်းတို့ပွဲစဉ်မှာ ဂျာမနီအသင်းက ပါရာဂွေးအသင်းကို ပင်နယ်တီမှာ ၄ ဂိုး၊ ၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။(NVS 008)

01 Jul

ADVERTISE HERE .