“တောင်ကိုရီးယားအသင်းနည်းပြ ဟောင်မြန်ဘို အသက်အန္တရာယ် ခြိမ်းခြောက်ခံရ”
01 Jul
တောင်ကိုရီးယားအသင်း ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့်ကနေ ထွက်ခဲ့ရပြီးနောက် နည်းပြ ဟောင်မြန်ဘို ဟာ အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဟောင်မြန်ဘို ဟာ တောင်ကိုရီးယားအသင်း နည်းပြရာထူးကနေ နုတ်ထွက်ခဲ့ပြီး တောင်ကိုရီးယားနိုင်ငံ လေဆိပ်ကို ပြန်ရောက်လာချိန်မှာ အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေနဲ့ လေဆိပ်ရဲအရာရှိ ၁၆၀ ဦးအထိ လုံခြုံရေးချထားခဲ့ရပါတယ်။ ဒါ့အပြင် ကစားသမားတွေနဲ့ အသင်းဝန်ထမ်းတွေရဲ့ တည်နေရာကိုလည်း လျှို့ဝှက်ထားရတယ်လို့ သတင်းတွေ ဖော်ပြခဲ့ပါတယ်။ တောင်ကိုရီးယားသမ္မတ လီဂျေးမြောင် က အရည်အချင်းမပြည့်သူကို တာဝန်ပေးမိ ခဲ့တဲ့အတွက် ပြည်သူတွေကို တောင်းပန်စကား ပြောကြားခဲ့ပါတယ်။ တောင်ကိုရီးယားကစားသမားဟောင်းတွေ ဖြစ်တဲ့ ပက်ဂျီဆန် နဲ့ လီယောင်ပျို တို့ကလည်း လက်ရှိအသင်းကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။(NVS 008)
01 Jul