“မေဂျာလိဂ်ကလပ် ချီကာဂိုဖိုင်းယားအသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ လီဝန်ဒေါစကီး”
01 Jul
ပိုလန်ဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီး ဟာ မေဂျာလိဂ်ကလပ် ချီကာဂိုဖိုင်းယားအသင်းထံ နှစ်နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ လီဝန်ဒေါစကီး အနေနဲ့ ပြီးခဲ့တဲ့ရာသီကုန်မှာ ဘာစီလိုနာအသင်းနဲ့ လေးနှစ်စာချုပ် သက်တမ်းကုန်ဆုံးချိန်မှာ လမ်းခွဲခဲ့တာဖြစ်ပါတယ်။ လီဝန်ဒေါစကီး ကို အေစီမီလန်နဲ့ ဆော်ဒီပရိုလိဂ်ကလပ်တွေက စိတ်ဝင်စားခဲ့ပေမယ့် မေဂျာလိဂ်ကိုသာ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ချီကာဂိုမြို့က ပိုလန်နိုင်ငံပြင်ပမှာ ပိုလန်ပြည်သူ တွေ အများအပြားရှိတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ချီကာဂိုဖိုင်းယားအသင်းအနေနဲ့ လက်ရှိမေဂျာလိဂ်ရာသီမှာ အရှေ့ပိုင်းဇုန် အဆင့်ငါးနေရာမှာ ရပ်တည်နေ ပါတယ်။ လက်ရှိမှာ မေဂျာလိဂ်ပြိုင်ပွဲကို ရပ်နားထားပြီး ကမ္ဘာ့ဖလားပြိုင်ပွဲပြီးမှ ပြန်လည်စတင်မှာ ဖြစ်ပါတယ်။(NVS 008)
01 Jul