“ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာနှင့် လက်ဝက်ရတနာအချောထည် အရောင်းပြပွဲကျင်းပမည်”
01 Jul
ရန်ကုန်တိုင်းဒေသကြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းက ကြီးမှူးကျင်းပသည့် အသင်းသက်တမ်း (၁၀)နှစ်ပြည့်အထိမ်းအမှတ် ပဉ္စမအကြိမ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာအချောထည် အရောင်းပြပွဲကို ရန်ကုန်မြို့ Lotte Hotel ၌ ဩဂုတ်လ ၆ ရက်မှ ၉ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ အသင်းတည်ထောင်ခြင်း (၁၀)နှစ်ပြည့်အထိမ်းအမှတ် ဒီဇိုင်းပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်များကို ဖိတ်ခေါ်ထားပြီး လက်ဖြင့်ရေးဆွဲသည့် လက်ဝတ်ရတနာဒီဇိုင်းနှင့် လက်ဝတ်ရတနာအချောထည် ဒီဇိုင်းပြိုင်ပွဲကို ကျင်းပမှာဖြစ် ပါတယ်။ ပြိုင်ပွဲဝင်လျှောက်လွှာများကို ၂ဝ၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက်မှ ၃၀ ရက်အထိ လက်ခံမှာဖြစ်ပြီး ဇွန်လ၂၄ ရက်မှ ၃၀ ရက်အထိ ခဲခြစ်ဒီဇိုင်းပြိုင်ပွဲအတွက် ကျောက်အလွတ်များကို Google drive link တွင် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဆုရအမည်စာရင်းကို ဇူလိုင်လ ၂၅ ရက်တွင် ကြော်ငြာပေးသွားမှာဖြစ်ပြီး လက်ဝတ်ရတနာ အချောထည် ဒီဇိုင်းပြိုင်ပွဲတွင် ပထမဆု ကျပ်သိန်း ၅၀၊ ဒုတိယဆု ကျပ်သိန်း ၄၀၊ တတိယဆု ကျပ်သိန်း ၃ဝ ချီးမြှင့်မှာဖြစ်ပြီး လက်ဖြင့်ရေးဆွဲသည့် လက်ဝတ်ရတနာ ဒီဇိုင်းပြိုင်ပွဲတွင် ပထမဆု ကျပ် ၂၅ သိန်း၊ ဒုတိယဆု ကျပ် ၁၅ သိန်း၊ တတိယဆု ကျပ် ၁၀ သိန်း ချီးမြှင့်ပေးအပ်သွားမှာဖြစ်ပါတယ်။ ခဲခြစ်ပြိုင်ပွဲဒီဇိုင်းများထဲမှ ဆန်ခါတင် ၁၅ ခုကို ဩဂုတ်လ ၆ ရက်မှ ၈ ရက်အထိ ပြပွဲခန်းမအတွင်း ပြသထားပြီး Vote အများဆုံးရရှိသူအား People Choice Award ဆုအဖြစ် ကျပ်ခုနစ်သိန်း ဆုချီးမြှင့်မှာဖြစ်ပါတယ်။(NVS 004)