“နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲကျင်းပ”

01 Jul

နိုင်ငံတော်သမ္မတရုံး၏ သတင်းစာရှင်းလင်းပွဲကို ဇွန်လ ၃၀ ရက် မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတရုံး ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရပါတယ်။ အဆိုပါသတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒုတိယဝန်ကြီး ဒေါ်ခိုင်ခိုင်စိုး က နိုင်ငံတော်သမ္မတ၏ အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံ ခရီးစဉ်များအတွင်း ဆောင်ရွက်ချက်များ၊ အစိုးရ၏ ရက် ၁၀၀ စီမံချက်အတွင်း ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါတယ်။ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ရှင်းလင်းပြောကြားရာတွင် နိုင်ငံတော်သမ္မတ၏ အိန္ဒိယနိုင်ငံ ခရီးစဉ်သည် ပထမဦးဆုံးပြည်ပခရီးစဉ်ဖြစ်ကြောင်း၊ ခရီးစဉ်သည် အိန္ဒိယဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီ၏ ဖိတ်ကြား ချက်ဖြင့် သွားရောက်ခဲ့ခြင်းဖြစ်ပြီး ခရီးစဉ်အတွင်း အိန္ဒိယသမ္မတ၊ အိန္ဒိယဝန်ကြီးချုပ်၊ အိန္ဒိယအမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်တို့နှင့် တွေ့ဆုံ၍ ပညာရေး၊ ကျန်းမာရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ၊ နယ်စပ်ဒေသ တည်ငြိမ်ရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှု တိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ် များကို ဆွေးနွေးခဲ့ကြောင်း ပြောခဲ့ပါတယ်။ ထို့ပြင် မြန်မာ-အိန္ဒိယပူးတွဲကြေငြာချက်ဖြစ်သည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်း အပြီးသတ်ရေး၊ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေး ၂၀၂၆ ခုနှစ်မှစတင်ပြီး လမ်းမကြီး အကောင် အထည်ဖော်ရေး၊ မြန်မာကျောင်းသားများအတွက်ပေးခဲ့သည့် မဲခေါင်- ဂင်္ဂါ ICCR ပညာသင်ဆု ၃၆ ခုမှ ၁၀၀ အထိ တိုးမြှင့်ပေးရေး၊ ၂၀၂၄ခုနှစ် မေလမှ စတင်ခဲ့သည့် ရူပီး-ကျပ် ငွေပေးချေမှုစနစ် အပါအဝင် နှစ်နိုင်ငံကုန်သွယ်မှုများ ပိုမို လွယ်ကူချောမွေ့စေရေးနှင့် ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားရေးတို့ကို ထုတ်ပြန်နိုင်ခဲ့ကြောင်းနှင့် ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတအနေဖြင့် စီးပွားရေးနှင့် ဘဏ်လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု၊ မြန်မာ-အိန္ဒိယ ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှု၊ နှစ်နိုင်ငံစီးပွားရေး ဆွေးနွေးပွဲများကို တက်ရောက်ခဲ့ပါကြောင်း၊ စွမ်းအင်ကုမ္ပဏီနှင့် အိန္ဒိယနိုင်ငံ၏ အဓိက ကျသည့် ဂျဝါဟာလာနေရူးဆိပ်ကမ်းတို့ကိုလည်း ကြည့်ရှုလေ့လာခဲ့ပါကြောင်း၊ နိုင်ငံတော်သမ္မတ၏ ခရီးစဉ်တွင် ရရှိခဲ့သည့် အကျိုးရလဒ်အနေဖြင့် အိမ်နီးချင်းဒီမိုကရေစီနိုင်ငံကြီး၏ သံတမန်ရေးရာ အသိအမှတ်ပြုမှု၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးအတွက် သဘောတူညီချက်များ၊ ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်းနှင့် သုံးနိုင်ငံ အဝေးပြေးလမ်းမစီမံကိန်း အမြန်အကောင်အထည်ဖော်ရေး သဘောတူညီချက်၊ နယ်စပ်ဒေသ လုံခြုံရေးနှင့် တစ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးစေမည့်ကိစ္စရပ်များကို တစ်နိုင်ငံမှ မဆောင်ရွက်ရေး စသည့်သဘောတူညီချက်များကို ရရှိခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။ အလားတူ နိုင်ငံတော်သမ္မတက တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင် ၏ဖိတ်ကြားချက်ဖြင့် ဇွန်လ ၁၅ ရက်မှ ၁၉ ရက်အထိ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့ပါကြောင်း၊ ခရီးစဉ်အတွင်း သမ္မတ မစ္စတာ ရှီကျင့်ဖျင်၊ တရုတ်နိုင်ငံဝန်ကြီးချုပ် မစ္စတာ လီချန်း နှင့် တရုတ်အမျိုးသားကွန်ဂရက်ဥက္ကဋ္ဌ မစ္စတာ ကျောက်လဲ့ကျိ တို့နှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် နှစ်နိုင်ငံဘက်စုံကဏ္ဍစုံ ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး၊ မြန်မာနိုင်ငံ ထာဝရငြိမ်းချမ်းရေးရရှိရန် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံတွင် တရုတ် နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာများကို အဓိက ဆွေးနွေးနိုင်ခဲ့ကြောင်းနှင့် နိုင်ငံတော်သမ္မတအနေဖြင့် မြန်မာ-တရုတ် မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ Belt and Road Initiative(BPI)& China-Myanmar Economic Corridor(CMEC) စီမံကိန်းများ အရှိန်မြှင့်ဆောင်ရွက်ရေး၊ မြန်မာဘက်မှ “တရုတ်တစ်နိုင်ငံတည်း” မူဝါဒကို ထပ်မံထောက်ခံ အတည်ပြုနိုင်ခဲ့ပြီး တရုတ်ဘက်မှ မြန်မာအစိုးရအသစ်အပေါ် အပြည့်အဝထောက်ခံကြောင်းကို ခိုင်ခိုင်မာမာ ပြောဆိုဆွေးနွေးခဲ့ရှင်းလင်းပြောကြားခဲ့ပါတယ်။ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာများအဖြစ် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေး၊ ကုန်သွယ်ရေး၊ သတင်းမီဒီယာ၊ လူသားချင်းစာနာထောက်ထားမှု၊ အာကာသနှင့် Al နည်းပညာအပါအဝင် နည်းပညာ၊ အသိပညာများ ဖလှယ်ရေး၊ GSI,GDI,GCI,GGI အကောင်အထည်ဖော်ရေးတို့ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း၊ လေ့လာရေးခရီးစဉ် အဖြစ် စက်မှုနှင့်နည်းပညာလုပ်ငန်းများဖြစ်သည့် တရုတ်ကာကာသ သိပ္ပံနှင့်နည်းပညာကော်ပိုရေးရှင်း၊ ရထားလမ်း ဖောက်လုပ်မှု၊ Shanghai Lingang Special Area၊ လျှပ်စစ်ကား၊ ဝါးပင်ကုန်ကြမ်းမှ ချည်ထည်၊ အသုံးအဆောင် ပစ္စည်းများ ထုတ်လုပ်သည့်လုပ်ငန်းများ၊ Unitree Robotics တို့ကို သွားရောက်ခဲ့ပါကြောင်းနှင့် နိုင်ငံတော်သမ္မတ အနေဖြင့် “မြန်မာ-တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး ချိတ်ဆက်နိုင်ရေးဆွေးနွေးပွဲ”သို့ တက်ရောက်ဖွင့်လှစ် ပေးခဲ့ပါကြောင်း၊ အဆိုပါဆွေးနွေးပွဲတွင် မြန်မာ-တရုတ် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအချင်းချင်း နားလည်မှု စာချွန်လွှာ ၇၀ ကျော်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း၊ ခရီးစဉ်နှင့်စပ်လျဉ်း၍ တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်မှု အရှိန်အဟုန်မြှင့်တင်ရေးဆိုင်ရာ ပူးတွဲကြေညာချက် ထုတ်ပြန်နိုင်ခဲ့ပြီး သံတမန်ရေးရာ အောင်မြင်မှု၊ ချစ်ကြည်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် လုံခြုံရေးအပါအဝင် သတ္တု၊ ဒီဂျစ်တယ်စီးပွားရေး၊ ဉာဏ်ရည်တု၊ ပြည့်ဖြိုးမြဲစွမ်းအင်၊ ရထားလမ်းဖောက်လုပ်ရေးနှင့် ဓာတ်သတ္တု တူးဖော်ရေးကဏ္ဍများတွင် သဘောတူညီမှုများ ရရှိခဲ့ပါကြောင်းနှင့် အဆိုပါ နိုင်ငံတော်သမ္မတ၏ ခရီးစဉ်များသည် နိုင်ငံတော်နှင့် အစိုးရသစ်အတွက် ရလဒ်ကောင်းများ၊ အခွင့်အလမ်းကောင်းများရရှိခဲ့သည်ဟု သုံးသပ်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ထို့အပြင် နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်အတွင်း ဝန်ကြီးဌာနများအလိုက် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်နေမှုများ၊ ယခုပညာသင်နှစ်အတွင်း ကျောင်းအပ်နှံမှု၊ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံကျောင်းများ ဖွင့်လှစ်နိုင်မှုနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်နေမှု၊ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မှုရာခိုင်နှုန်း၊ ရက် ၁၀၀ အတွင်း မြန်မာ့မီးရထား၏ DEMU ခရီးသစ်များ ပြေးဆွဲ နိုင်မှု၊ နိုင်ငံတော်သမ္မတရုံး သတင်းနှင့်ပြန်ကြားရေးဗျူရို၏ ဝက်ဘ်ဆိုက်နှင့် ဆိုရှယ်မီဒီယာအကောင့်များနှင့် စပ်လျဉ်း၍ မိတ်ဆက်ရှင်းလင်း ပြောကြားခဲ့ပါတယ်။ ထို့နောက် တက်ရောက်လာသည့် ပြည်တွင်း/ပြည်ပ သတင်းဌာနများမှ မေးမြန်းသည့် တနင်္သာရီတိုင်း ဒေသကြီးအတွင်း သဘာဝဓာတ်ငွေ့သိုက်တွေ့ရှိခဲ့မှုအပေါ် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ နိုင်ငံတော်သမ္မတ ၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း တရုတ်-မြန်မာ နှစ်နိုင်ငံ ပညာရေးပူးပေါင်းဆောင်ရွက်နိုင်မှုနှင့် မဟာဗျူဟာမြောက် ဆက်ဆံရေး ဆောင်ရွက်နိုင်မှုအခြေအနေ၊ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း၊ နိုင်ငံတကာချစ်ကြည်ရေးအတွက် ဆောင်ရွက်နေမှု၊ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နေမှု၊ ရက် ၁၀၀ အတွင်း ဆင်းရဲနွမ်းပါးမှုလျော့ချရေး Black List စာရင်းသွင်းခံရသူနှင့် မိသားစုဝင်များ ဆက်စပ်မှုရှိ/မရှိ၊ မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦ စီမံကိန်းများတွင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ စသည်တို့နှင့် စပ်လျဉ်း၍ မေးခွန်းများကို ပြန်လည်ရှင်း လင်းဖြေကြားခဲ့ပါတယ်။(NVS 004)

01 Jul

ADVERTISE HERE .