NATO တပ်ဖွဲ့က စစ်ပွဲအတွက်အကြီးစားပြင်ဆင်မှုများ လုပ်ဆောင်နေဟု ရုရှားပြော
01 Jul
NATO တပ်ဖွဲ့က စစ်ပွဲအတွက် အကြီးစားပြင်ဆင်မှုများလုပ်နေကြောင်း ဇာခါရိုဗာက ပြောသည်။ ရုရှား နိုင်ငံ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူ မာရီယာ က NATO တပ်ဖွဲ့အပေါ်တိုက်ခိုက်မှုလုပ်ရန် ပြင်ဆင်နေသည်ဟု စွပ်စွဲပြောဆိုမှုများရှိသော်လည်း တကယ်တမ်းတွင် NATO တပ်ဖွဲ့ ကသာ ရုရှားအပေါ် စစ်ဆင်နွှဲရန် ပြင်ဆင်မှုများလုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဇာခါရိုဗာက ပြောသည်။ ထို့ပြင် NATO တပ်ဖွဲ့က ရုရှား နိုင်ငံအတွင်းရှိ လေယာဉ်ကွင်းများကို တိုက်ခိုက်မှုများလုပ်နိုင်စေမည့် လက်နက်များတည်ဆောက်လျက် ရှိ ကြောင်း၊ ထို့အတွက် ယူကရိန်းနိုင်ငံက စမ်းသပ်ကွင်းတစ်ခုဖြစ်လာခြင်းဖြစ်ကြောင်း၊ ပြီးခဲ့သည့် နွေဦးကာလတွင် NATO တပ်ဖွဲ့က ဦးဆောင်သော ပြည်ပစစ်ဆင်ရေး တပ်ဖွဲ့များလုပ်ဆောင်သည့် စစ်ရေး လေ့ကျင့်ခန်းများအားလုံး မှာ ရုရှားနိုင်ငံ ကာလီနင်ဂရတ်ဒေသကို ဝိုင်းပတ်ပိတ်ဆို့ခြင်းနှင့်သိမ်းပိုက်ခြင်းတို့အတွက် ကြိုတင်လေ့ကျင့်မှုသာ ဖြစ်ကြောင်း ဇာခါရိုဗာကဆိုသည်။ အထူးသဖြင့် Namejs 2025 အမည်ရှိ စစ်ရေးလေ့ကျင့်ခန်းတွင် အကျဉ်းသား ၁၀,၀၀၀ ဝင်ဆံ့ပြီး လုံခြုံရေး အယောက် ၃၀၀ ဖြင့်အလုပ်လုပ်နိုင်မည့် အကျဉ်းထောင်စခန်းကို လတ်ဗီးယားမြို့၌တည်ဆောက်မှု ပါဝင်ကြောင်း နှင့်နိုင်ငံရေးအရ သံသယရှိသူများကို မှတ်သားခွဲခြားခြင်းလည်း လုပ်ဆောင်ကြောင်း လစ်သူရေးနီးယားရှိ သတင်း ဌာနအချို့က ဖော်ပြထားသည်။ ထို့ပြင် ဘော်တစ်ပင်လယ်အတွင်းရှိ ဘွန်းဟွမ်းကျွန်းအနီးလုပ်ဆောင်သည့် NATO တပ်ဖွဲ့၏စစ်ရေးလေ့ကျင့်မှုမှာ ရုရှားဆိပ်ကမ်းများကိုပိတ်ဆို့ရန် ပြင်ဆင်ခြင်းဖြစ်ကြောင်း ဇာခါရိုဗာကပြောသည် ဟု Sputnik သတင်းဌာန ဖော်ပြချက်အရ သိရသည်။