အီရန်နှင့်အမေရိကန်မှဆွေးနွေးရေးအဖွဲ့များ ဒိုဟာသို့သွားမည် ဆွေးနွေးမှုလုပ်၊ မလုပ် မသေချာသေး
01 Jul
အီရန်နှင့်အမေရိကန်နိုင်ငံတို့မှ ဆွေးနွေးရေးအဖွဲ့များက ဒိုဟာ မြို့သို့သွားမည်ဖြစ်သော်လည်း ၎င်းတို့ကြား ဆွေးနွေးမှုလုပ်မည်၊ မလုပ်မည်မှာ မသေချာကြောင်း အီရန်တာဝန်ရှိသူများကပြောသည်။ အမေရိကန်ဘက်က ကိုယ်စား လှယ်အဖွဲ့ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏သမက် ဂျဲရတ်ကုရှနာနှင့် အထူးကိုယ်စားလှယ် စတိ ဝစ်ကော့တို့က ဦးဆောင်လာနေခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် အီရန်ကလည်း ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဒိုဟာမြို့သို့ ယခုသီတင်းပတ်အတွင်းစေလွှတ်သွားမည်ဖြစ်သော်လည်း ထိုကိုယ်စားလှယ်အဖွဲ့၏ခရီးစဉ်သည် အမေရိကန်ကိုယ်စားလှယ်အဖွဲ့၏ခရီးစဉ်နှင့် ဆက်စပ်မှုမရှိကြောင်း၊ ၎င်းတို့အဖွဲ့နှစ်ဖွဲ့ကြားတွင် အပြန်အလှန် ဆွေးနွေးမှုများလုပ်ဆောင်ရန် စီစဉ်ထားခြင်းမရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အက်စ မေးဘာဂါအီကပြောသည်။ အမေရိကန်နှင့် အီရန်နိုင်ငံတို့ကြားတွင် နားလည်မှုစာချွန်လွှာပါ သဘောတူညီချက်ကို ချိုးဖောက်ပြီးသည့် နောက် ယခုကဲ့သို့တင်းမာမှုများပြန်လည်ဖြစ်ပွားလာနေခြင်းဖြစ်ကြောင်း RT သတင်းဌာန ဖော်ပြချက်အရ သိရသည်။